Professional Authors

လူကြိုက်နည်းတဲ့ အရသာ

ကြယ်တာရာတွေ ခရီးလွန်နေတဲ့
အနက်ရောင် လကွယ်ညများ .. .
ဟောက်သံတွေထွက်ကျပြီး
ငိုက်မြည်းနေသော တောနှင့်တောင်တန်းများ .. .
တစ်ခါတစ်ရံ ငြိမ်သက်လှပသလောက်
ရံဖန်ရံခါ ခုန်းရုန်းထတတ်သော
အရိုင်းဆုံးပင်လယ်က သွေးဆိုးလွန်းသောလှိုင်းတံပိုးများ .. .

များပေါင်းများစွာအပြင်
အနုပညာဝင်္ကပါလမ်းမှာ .. . စာမျက်နှာတွေပေါ်မှာ .. .
စီတန်းလှည့်လည်နေသော
ကျွတ်တန်းဝင် သောတပန် ဗျည်း၊သရ၊၀ါကျများရဲ့
အင်္လကာမှော်အစွမ်းဟာ
အလင်းလက်ဆုံး အမှန်တရားမှာ
ဆူဆူညံညံ အသံတွေပြာရင်း
မျက်ရည်တွေပူခဲ့ .. .
ကျွဲပုခုံးလို အရေပြားတွေထူခဲ့ .. .
သေလွန်သူလို အသက်ရှူ ကျပ်ခဲ့ .. .
မုဆိုးလက်ကငှက်လို အတောင်ပံကျိုး ခဲ့ .. .

သည်လိုနေ့ရက်များထဲ
အထင်နဲ့အမြင် တစ်ခြားစီလွဲနေတဲ့
ညှိးငယ်နေသော ကိုယ်စိတ်နှလုံးသုံးပါးစလုံးမှာ
အစိမ်းသေ အရှင်လတ်လတ်ကဗျာတွေ
စံပါယ်လိုဖွေးဖွေးလှုပ်နေ .. .။

In: ကဗျာ Posted By: Date: Nov 29, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment