Professional Authors

ငရဲ မီးလျှံ

ငရဲက နေ့စဉ်နဲ့အမျှ

အသွေးထဲအသားထဲ လွင့်ပျံနေတဲ့ မီးလျှံပဲ

 

နေ့စဉ်နဲ့အမျှ

ရှင်သန်ခြင်းစမှတ်နဲ့ အဆုံးသတ်ကြားက

တွန့်ခေါက်နေတဲ့ ဘ၀မှာ

လူစော်နံနေတဲ့အတ္တက ယမ်းမီးလိုဆိုတော့

ပေါ့တီးပေါ့ဆ လောဘ ဒေါသ မောဟများ

လက်လွှတ်စပယ် ခုန်ုးန်းထလာတယ်

 

နေ့စဉ်နဲ့အမျှ

မထွေးနိုင်မအန်နိုင်  

လည်မျို ထဲ အံကြိတ်ထားတဲ့

နာနာကျင်ကျင်အသံတွေ

မျက်ရည်အသွင်ကူးပြီး ယိုစီးကျလာတော့

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး

နှလုံးသားကြီးတစ်ခုလုံးကို

ရဲနေအောင် ချွန်ထားလိုက်တယ်

 

နေ့စဉ်နဲ့အမျှ

ဇွတ်အတင်း စိတ်ရှည်လက်ရှည်

အောင့်အီးသည်းခံထားတဲ့ စိတ်ကို

အစိပ်စိပ်အမွှာမွှာ မကွဲအောင်

ထိန်းချု ပ်ရတာက သိပ်ခက်တယ်

သည်ကြားထဲ တစစ်စစ်ကိုက်ခဲနေတဲ့

ရုပ်နာမ်နှစ်ပါး မိတ်ဖြစ်ဆွေဖြစ်

ကံကြမာအကြွေစေ့ပစ်တမ်းမှာ

ဘ၀ဟာ ၀တ်လစ်စလစ်ဖြစ်ရင်း

သွေးချင်းချင်းရဲနေ

 

အမှန်တကယ်တော့

လောကဓံ ရာဇ၀င်မှတ်တမ်းမှာ

အသံတွေပြာပြီး ခြေကုန်လက်ပန်းကျသွားတဲ့

အတုံးအရုံးအိပ်မက်တွေရဲ့ ကံကြမာက

လမိုက်ညအတွေးလို ကြယ်မစုံမှတော့

နေ့စဉ်နဲ့အမျှ ငရဲက

ဆာလောင်နေတဲ့ တောကောင်လိုမျိုး

တစ်ရှိန်ထိုး အသွေးထဲအသားထဲ

အစဉ်အမြဲ လွင့်ပျံနေတဲ့မီးလျှံပဲ။

In: ကဗျာ Posted By: Date: Nov 19, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment