Professional Authors

**အကြွေကောက်စောင်.သူ**

                            **အကြွေကောက်စောင်.သူ**

တေမိလို့ ပြောရလောက်အောင်
ငါဆွံ့ အမနေခဲ့ပါဘူး….
ငါ…နေတတ်နေခဲ့တာ….
ငါမြတ်နိုးတာ…
မင်းရဲ့လန်းဆန်းမှု မဟုတ်ဘူး
ပျိုမျစ်မှု…မဟုတ်ဘူး..
သစ်လွင်မှုကို မဟုတ်ဘူးချစ်သူ…..
တစ်ခုတည်း…
ဟုတ်တယ်….တစ်ခုတည်းချစ်သူ…
ငါ့ရင်ခွင်ကိုလန်းဆန်း
စွဲလမ်းစေတဲ့ ‘ရနံ့ ’လေးပဲမို့ ……
နွမ်းလွင့်ချိန်စောင့်
အပင်အောက်မှာ…..
အကြွေကောက်မဲ့သူ……..။       ။

In: ကဗျာ Posted By: Date: Oct 15, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment