မသေချာခြင်းများ
မင်းစီက အကုန်ယူချင်တယ် ငါ့စီကတော့ ထုတ်မပေးနိုင်ဘူး
တခြားတော့ မဟုတ်ဘူး ပူပင်သောကတွေကိုပါ
မိနစ်ပိုင်းတွေ့ရဖို့ ငါ နာရီပိုင်း ခရီးနှင်လာရတာမျိုး မင်းမသိလည်း ရပါတယ်
တကူးတက ရေး ပြတဲ့ ကဗျာတွေ မကြိုက်ဘူးဆိုလဲ ထားပါ
နေ့စဉ်မပြတ် ပို့နေတဲ့ messageတွေ ပျင်းစရာကောင်းရင် ကျော်သွားပါ
ဒါပေမယ့်
ဘဝမှာ ပျော်ပျော်နေပါ ခေး
ဘုရားတရား မမေ့နဲ့
မိဘကို ကျေးဇူးဆပ်
သူငယ်ချင်းတွေနဲ့ လျှောက်လည်
အလုပ်ကို ကြိုးစား
ကျန်းမာရေးကို ဂရုစိုက်
ဂျူးဝတ္ထုတွေ ဖတ်ချင်ဖတ်
ရုပ်ရှင်ကြည့်ချင်ကြည့်
အဝေးတစ်နေရာက ငါ့ကိုလည်း တခါတရံကြုံကြိုက်ရင် သတိရချင် ရပေါ့
စနေ သို့မဟုတ် တနင်္ဂနွေနေ့တွေမှာပဲ ဖြစ်ဖြစ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service