Professional Authors

*** ဘုရားတိုင်​ ***

ဆု​​တွေ​တောင်းရလွန်းလို့လဲ
အရှင်​ဘုရားကိုအားနာတယ်​…
ခဏခဏဆု​တောင်းပြောင်းလို့လဲ
ဗွေယူ​တော်​မမူလိုက်​ပါနဲ့….
အမိုက်​အမဲ မိုက်​ဆဲ​လေးမို့ပါ….
.
အို… ထာဝရဘုရားသခင်​…
သူတို့ကိုဘာ့​ကြောင့်​ဖန်​ဆင်း​တော်​မူပါသလဲ
တပည့်​​တော်​အမိုက်​အမဲအား…
ပြန်​လည်​၍​ရွေးနှုတ်​​တော်​မူပါ…
ငြိမ်းချမ်းမှုအ​ပေါင်းကျူးဧးရာကမ္ဘာ…
.
ကယ်​တင်​ရှင်​​တွေ​ပြောင်း​ပေမယ့်
သူက​ခေါင်းမာလွန်းအားကြီးတယ်
မေတ္တာစကားကိုကြား​တော်​မမူလို့…
ကမ္ဘာသာ​ပြောင်းပါရ​စေ​တော့…
စကြ၀ဠာအဆုံးထိထွက်​​ပြေးလိုက်​မယ်
.
သံသရာကလွတ်​မှာ​ကြောက်​တယ်
သူ့ကိုပြန်​မ​တွေ့ရမှာစိုးလို့….
တပည့်​​တော်​အားကယ်​တင်​​တော်​မမူပါနဲ့
ကိုယ့်​ထိုက်​နဲ့ကိုယ့်​ကံသာရှိပါ​စေ​တော့
အပူကပ်​မိလို့အားနာလိုက်​တာဘုရား
.
ရခဲလှတဲ့လူသားဘ၀ကို
သူနဲ့သာ​လျှောက်​ချင်​ခဲ့မိလို့
အခါခါဆက်​လို့သာမိုက်​ပါရ​စေ
တကယ်​​တော့မျက်​ရည်​ဆိုတာက
တပည့်​​တော်​အတွက်​​တော့ချိုပါတယ်​ဘုရား
.
kgyi.
In: ကဗျာ Posted By: Date: Sep 11, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment