Professional Authors

နောက်ဆုံး စကား

ရှောင်ပြေးလို့မရတဲ့ ချစ်ခြင်းမေတ

ရင်အုံထဲပွင့်အာလာတာဆိုတော့

ရှောင်ပြေးလို့မလွတ်တဲ့အဆုံး ဓါးစာခံနှလုံးသားကို

စုံလုံးကန်းဝါဒနဲ့ လွှတ်ချလိုက်တာပေါ့

 

အရှင်လတ်လတ်စားသုံးခြင်းများကို

ပါးပြင်တစ်ပြင်လုံး ဆာလောင်မွတ်သိပ်လို့
ပါးပြင်ပေါ်ဖြတ်စီးတဲ့နှလုံးသားမြစ်ဟာ မလိုလားစရာ

ပါးပြင်ရဲ့စွတ်စိုမှုဟာ မနှစ်မြို့စရာ

အပြစ်ဖို့စရာပါ

 

အာသီသပြင်းပြင်းရှရှတွေနဲ့ ယစ်မူးခြင်းများ ဆွေ့ဆွေ့ခုန်

ယစ်မူးခြင်းနဲ့ ရူးမိုက်စွာချစ်ခဲ့သလို ရူးမိုက်စွာနာကျင်ခံစားပြီး

ရူးရူးမိုက်မိုက် ဆွေးမြေ့ကျန်နေရစ်ခဲ့

 

ကာလအတန်ကြာ စုတ်ပြဲဖွာလန်ပြီး

မျက်တွင်းဟောက်ပက် မည်းညစ်နေသော

တစ်ကိုယ်ရေ အထီးကျန်ညများက

လုံးသားကိုရွံမုန်း နောက်ဆုံးစကားတစ်ခွန်းအတွက်

အသက်ငွေ့ငွေ့ရှူရှိက်ရင်း

တွယ်ရာမဲ့စကားကို ဆိုလိုက်တာက

ခြေအစုံကိုဦးတိုက် ရူးမိုက်စွာချစ်ခဲ့ပါသည် .။

 

 

 

In: ကဗျာ Posted By: Date: Sep 5, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment