Professional Authors

ပန်းချီကား

ရင်ထဲက ပန်းချီ
ဆေးစက်တွေ မညီလည်း
ပီခဲ့ပါတယ် ။

အရောင်တွေ ရှုပ်ထွေး
မျက်စိမှာ မအေးလည်း
ရေးဆဲပါကွယ် ။

စုတ်ချက်ဆန်းဆန်း
မညီကြမ်းလည်း
ခမ်းနားပါတယ် ။

ထိပ်တန်းမဝင်
ပြခန်းမတင်လည်း
ယှဉ်ရဲပါတယ် ။

ခံစားချက်စစ်
ချရေးခြစ်ဆွဲ
ဖြစ်ခဲ့တာမို့
ကိုယ့်ရဲ့ကောက်ကြောင်း
ကိုယ်ကောင်းကောင်းသိ
ကြည့်လှည့်ပါကွယ် ချစ်သူရယ် ။

In: ကဗျာ Posted By: Date: Aug 26, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment