Professional Authors

ချစ်သူချော့တေး

မျက်ထားညို

သက်ထားကို

အလိုမကျ လေသလား

စိုးစိတ်ကပို။

…….. 

 လှလွန်းဆွေ

ပျိုဖြူတို့ ထံပါး

မောင့်လိပ်ပြာ

ပျံကာဝဲနေလားရယ်လို့ 

မေးမိသကို။

……….

မူပိုတယ်

ဒီလိုကွယ်  ဆိုပါနဲ့လား။

သက်ဝေ

 အမျက်မ ပြေတာမို့ 

မျက်ဝန်းမှာ  ငွေ့ရည် ဖွဲ့ပါလို့

ခင်လေးမှာ  ဘဝင် လှိုက်

ရှိုက်လို့ ငိုဆဲ။

……………….

 

In: ကဗျာ Posted By: Date: Aug 1, 2015
Comment #1

အားပေးသွားပါတယ် 🙂

commentinfo By: loafer at Aug 18, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment