Professional Authors

တမ်း

ခိုးထားခဲ့ရတဲ့
ဆံပင်အရှည်တွေ
မနက်ခင်းဝတ်စုံတွေနဲ့
ဒိုင်နာခေါင်မိုးပေါ်မှာ
ရစ်ခွေဝေသီလို့ …. 

ဒီကောင်းကင်ဟာ
အဲဒီ့အချိန်မှာ အကျယ်ဝန်းဆုံး
၇၃ လုံမပျိုဟာ ရှက်ကိုးရှက်ကန်း
မီးပွိုင့်တွေ ဖမ်း ဖမ်း နီ လို့ ……။

ရွှေမန်းမေဟာလည်းကောင်း
ဒိုင်နာ အမှတ် 8 ဟာလည်းကောင်း
ပေါ်တော်မူဘုရားမှာ လက်အုပ်ချီလို့ …..။

ဒုဌ၀တီရင်ခွင်ဆီက
တစ်နေ့ တစ်နေ့ နှင်းငွေ့နည်းနည်းစီရသလား ….။

ဇီးသီး နုနု တစ်ကိုက်စီနဲ့ ဒီဆောင်းရာသီဟာ
ချွဲနည်းနည်းကျပ်တတ်တဲ့ သစ္စာကိုပန်တယ် ….။

အဖြူနဲ့အပြာရောယှက် နှစ်ရောင်ထဲနဲ့ ထွက်သော
သက်တန့်အ၀န်းများ နားခိုရာ သို့ ဦးဇော်ကြီးဆိုင် သို့ သဇင်
ချစ်ကြင်နာခဲ့တဲ့အချစ်ဦးကို တမ်းတမိသလိုပဲ …….။

စကားမစပ်
တအုံ မင်းရဲ့ပါးပြင်ပေါ်
တမာရွက်တွေကြွေနေပြီလား 

စကားမစပ်
တအုံ မင်းရဲ့ရင်ဘတ်တွေ
ပတ်ကြားအက်နေပြန်ပြီလား …………။

In: ကဗျာ Posted By: Date: Jul 8, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment