Professional Authors

ငါ့ရင်ထဲက တက်တူးငယ်

နင်ဟာ အကြွင်းမဲ့လှပလွန်းလို့
ဖြစ်တည်ဖို့တောင် မထိုက်တန်တဲ့သူ

နင်ဟာ နင့်နာမည်ကိုဖွဖွရေရွတ်ယုံနဲ့တင်
ရေရွတ်သူကို မှော်ဆန်ဆန်မှင်သက်စေခဲ့သူ

နင်ဟာ မထွန်းညှိပဲတောက်လောင်နေတဲ့ အလင်းရောင်
နင်ဟာ ဆောင်းဦးမှာ ပထမဆုံး ဖြာလဲ့လာတဲ့နေရောင်
နင်ဟာ အမှတ်တမဲ့အကြည့်နဲ့တောင် ငါ့ကိုကျောက်ဖြစ်စေတဲ့ အိန်ဂျယ်လ်

နင့်မျက်လုံးညိုတစ်စုံဟာ အချိန်တွေကို ရပ်တန့်စေနိုင်တဲ့ တခုထဲသောအရာ
နင့်အပြုံးဟာ ငါတစ်သက်တာမှာ ငါ့ကို အသက်ဆက်ရှင်စေတဲ့တစ်ခုထဲသောအရာ

မညည်းငွေ့တဲ့ချစ်ခြင်းတရားနဲ့ မရိုးနိုင်သောရင်ခုန်ခြင်းတွေ ၇နှစ်ရှိခဲ့ပီ ငါ့အိန်ဂျယ်လ်
တစ်သက်တာလုံးအတွက် အခု ငါ့ရင်ဘတ်မှာ နင့်နာမည်ကို တက်တူးထိုးထားတယ်
ဒီဘ၀အတွက်ကတော့ ဝေးဝေးနီးနီး ပိုင်ပိုင်မပိုင်ပိုင် ငါဟာနင့်လူပါပဲ … င့ါအိန်ဂျယ်လ်။

In: ကဗျာ Posted By: Date: Jun 24, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment