Professional Authors

မွေးနေ့လက်ဆောင်

ဆောင်းဆိုတာ ငြိမ်းချမ်းခြင်းရဲ့သင်္ကေတပါ
သူ့မွေးနေ့တုန်းကပေါ့
တလောကလုံး…
ဖြူပြာအတိ….
စိမ်းလဲ့ခဲ့ပေါ့

တူတူပဲပေါ့ ချစ်တဲ့ မိဝတီ
လွတ်လပ်ရေးရဲ့ အနှစ်သာရနဲ့
မင်း အတွက်တဲ့ …..
တိမ်းပါးခဲ့တဲ့ ဒီဇင်ဘာက
ဖြူလွလွနှင်းနဲ့ အတူ……
ဂုဏ်ပြုတေးတစ်ပုဒ်က
နှစ်သစ်အတွက် ဆုတောင်းပေးရင်း…
ကြိုဆိုခဲ့ပေါ့…

ဇန်န၀ါရီ လည်းပဲ
ထမ်းရွက်လျက်ပါ…
ကြိုဆိုရင်း….
ဝမ်းပမ်းတသာ
……………….

မြေပြင်တခုလုံးကော
ဘာလုပ်နေလဲလို့
မရိုင်းနဲ့ မိဝတီ…
သက်မဲ့ ရာသီဥတုနဲ့
နှိုင်းလို့ မရတဲ့
မြေဆီလွှာက
သောင်းဖြ ကြိုဆိုခဲ့ဖူးရဲ့
တစ်ထပ်တည်းကျတဲ့ မွေးနေ့နဲ့
လွတ်လပ်ရေးနေ့ဆိုတဲ့ ကာလ အကန့်မှာ
မြူးတူး ရွှင်ပျော် ပေးခဲ့ကြတယ်

မင်းအတွက် ငါ………………………………..
ဆုတောင်းပေးတယ်ဆို ပိုမလား… ? ?? ??? ????
ချစ်လျက်ပါ….
မြတ်နိုးလျက်ပါ…..
သံယောဇဉ် ပိုမိလျက်ပါ…..
…. လျက်ပါ…
………… လျက်ပါ……………

In: ကဗျာ Posted By: Date: Jul 15, 2011
Comment #1

😛

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment