Professional Authors

ဂီတ [ အယ်ဖြူ ]


ငါ့ကိုယ်ငါပြီးရင်
မင်းကို အချစ်ဆုံးပဲ ။
နောက်မှာ
လက်နက်အပြည့်နဲ့ လူအုပ်ကြီး
ဒီလို အချိန်မှာ
အကျဉ်းဆုံးချောင်ဒေါင့်တစ်ခုမှာ
ရောက်နေတဲ့သတ္တဝါတစ်ကောင်ရဲ့ နောက်ဆုံးကာကွယ်မှုမျိုး
နောက်ဆုံးခွန်အားမျိုးနဲ့
မင်းကိုငါ ရင်ဆိုင်နေတာပါ
ငါ့ကိုယ်ငါ ပြီးရင်
မင်းဟာ အကြီးဆုံးရန်သူပဲ   ။
အယ်ဖြူ
In: ကဗျာ,အယ်လ်ဖြူ Posted By: Date: May 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment