Professional Authors

ကန့်သတ်နယ်မြေ

အတ္တတွေ စီခြယ်ထားတဲ့
အမှန်တရားမဲ့ အချစ်တွေနဲ့  
သိမ်မွေ့တဲ့ ဒဏ်ရာတွေ လာထားသွားတယ်       

ပြန်ယူသွား
ငါ့ဆီမှာ ငိုကြွေးပေးဖို့ နှလုံးသားမရှိဘူး 
အရမ်းငိုစေချင်ရင် ကန္တာရကြီးကို ငိုခိုင်းလိုက်

သွားစမ်းပါ ဝေးဝေးကို
နှလုံးသားနဲ့ အဝေးဆုံးဆီသွား
နောင်တတွေကို ထွေးပွေ့ရင်း

ပြန်မလာနဲ့
ငါ့နှလုံးသားက 
မင်းရဲ့ကန့်သတ်နယ်မြေ…….။    ။
In: ကဗျာ Posted By: Date: May 17, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment