Professional Authors

ခွန်အားမဲ့ နှလုံးသား

်စကားတွေဆွံ့အနေလို့
မကြားနိုင်တော့ဘူးလား
ရင်ထဲက အချစ်တွေကိုတော့
အလေးမထားရင်နေပါ
မထီလေးစားမစော်ကားပါနဲ့
တကယ်ကိုယှဉ်ပီးမပြောချင်တဲ့အခါ
ချစ်သူ အမြဲတမ်းမှန်နေပါစေလို့
တတွတ်တွတ်ဆုတောင်းနေရင်း
ငါ့မျက်ဝန်းမှာမျက်ရည်ဖုံးလို့
ခေါင်းငုံ့ပီး ဖိထားမိတယ်
အပြစ်မဲ့တဲ့နှုတ်ခမ်းလေးတောင်
ညိုမဲစွဲနေပီ
ကြောက်နေတဲ့စိတ်က အပြစ်ရှိမှမဟုတ်ပါဘူး
အမှန်အမှားမခွဲခြားတတ်တဲ့အခါ
ထွက်ပြေးလွတ်မြောက်ချင်မိတယ်
ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျတဲ့အခါ
ငါ့ရဲ့အသားတို့တဆက်ဆက်တုန်တယ်
ရပ်တည်ရာမရဘူးပေါ့
ငါ့ခန္ဓာမှာ အားမှမရှိပဲ။

In: ကဗျာ Posted By: Date: May 13, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment