Professional Authors

ငါမဟုတ်သောငါ

အသားမကျသေးတဲ့ ရင်ခုန်သံနဲ့
အသားတကျ ဖြစ်တည်နေတဲ့ ငါ့နှလုံးသားကို
ငါကိုယ်တိုင်တောင် ငေးမောမိပါရဲ့

မသေချာမှုတစ်ခုကို
သေသေချာချာထုဆစ်နေခဲ့တဲ့ ငါ့စိတ်ဝိညာဉ်ကိုလည်း
ငါကိုယ်တိုင်တောင် အံ့သြမိပါရဲ့

သြော်. . .
ငါဟာ ငါမှဟုတ်ပါလေစ
ငါဟာ မင်းများဖြစ်နေပြီလား ကောင်မလေးရယ်

In: ကဗျာ Posted By: Date: May 4, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment