Professional Authors

နောက်ဆုံးအနမ်း

စကားလုံးတွေက မီးတောက်တစ်ခုလို

နှုတ်ခမ်းပါးမှာ လှလှပပ လောင်ကျွမ်းလို့

ငါ့နှလုံးသားကို နမ်းရှိုက်လိုက်ပါတော့ ကောင်မလေးရေ

ဒဏ်ရာတွေများလာတဲ့အခါ

တစ်ခါတစ်ခါ နာကျင်ဖို့မပြောနဲ့

တပ်မက်လို့တောင်နေသေး

မင်းသင်ပေးခဲ့တာလေ

ခံစားရင်းနဲ့ ခံနိုင်ရည်ရှိ

တကယ်

ငါ့ကိုငါတောင် အံ့သြမိတယ်

မြန်မြန်ကောင်မလေးရေ

ဒါ

တို့အတွက်

နောက်ဆုံးအနမ်းဖြစ်ပါစေ. . .။

In: ကဗျာ Posted By: Date: May 4, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment