Professional Authors

ညဟာ လဝတ်ရုံကိုလွှမ်းခြုံလို့
ညဟာ ကြယ်တွေနဲ့အတူကြီးပြင်းလာခဲ့တယ်

ညဟာ တေးမဆိုတတ်ဘူး
ညဟာ မငိုကြွေးတတ်ဘူး

ညမှာ ပလွှားခြင်းမရှိဘူး
ညမှာ ကောက်ကျစ်ခြင်းမရှိဘူး

ညဟာ ဆူဆူညံညံမလုပ်ဘူး
ညဟာ လူမမြင်သူမမြင်မရှုပ်ဘူး

ပုစင်းရင်ကွဲအော်ညဉ်းသံဟာ ညမဟုတ်ဘူး
ငှက်ဆိုးညဉ်းညူသံကို ညမလုပ်ဘူး

ညဟာ ည
ညဟာ လ မဟုတ်ဘူး
ညဟာ ကြယ် မဟုတိဘူး။

In: ကဗျာ Posted By: Date: May 4, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment