Professional Authors

အချစ်ဦးနွယ်

ကံကြမ္မာက ကိုယ့်ကိုမျက်နှာလုပ်ဖို့

မျက်ဝန်းထူထူသစ်ပင်လေးတစ်ပင် သယ်ဆောင်လာပြီး
သူကိုယ်တိုင် စိုက်ပျိုးပေးခဲ့တယ်
တစ်ပင်လုံးမှည့်နေတဲ့ ကိုယ့်ရဲ့နှလုံးသားကို
တေးချင်းဖွဲ့တဲ့အခါတိုင်း
ဖွေးဖွေးလှုပ်ပွင့်နေတဲ့ သံယောဇဉ်ဟာ
ကြိုးမှားတပ်မိတဲ့ ဂစ်တာတစ်လက်ဖြစ်ခဲ့ရင်တောင်
တီးခတ်နေတဲ့သံစဉ်တွေ
အယောင်ယောင်အမှားမှား ချိမြိန်ကြလိမ့်မယ်
ဆိုင်ကယ်လေးတစ်စီးနဲ့
လရောင်ကိုဖြတ်နင်းတဲ့ညတွေဆို
အိပ်မောကျနေတဲ့ကြယ်လေးတွေကို ပြိုင်တူဟားတိုက်ခဲ့ကြရင်း
သူ့ရဲ့ပါးချိုင့်လေးက ကိုယ့်ရင်ကို အခါခါလာစိုက်လို့
ဘဝက
တစ်ခါတစ်လေချည်တိုင်ပျောက်တတ်တယ်ဆိုတာ
အဝေးပြေးကားကြီးမထွက်ခင်ထိ
သူရောကိုယ်ရောသတိမထားမိခဲ့ကြဘူး
မျက်ရည်မကျစတမ်းလို့
အချစ်ကိုသွေးတိုးစမ်းကြည့်ပေမယ့်
အလွမ်းက ဟွန်းမတီးဘဲ နှလုံးသားကို ဝင်တိုက်တယ်
ကားပြတင်းဝကနေ မျက်ဝန်းတစ်ချို့
ရင်ဘတ်ထဲပစ်ချပြီး လက်ပြ
နှုတ်ဆက်ခြင်းက မှုန်ပျပျမြို့ကလေးဆီ ။ ။
In: ကဗျာ Posted By: Date: Mar 29, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment