Professional Authors

အရောက်လာခဲ့မယ် …

င့ါဘက်ကကြည့်တော့
က ကြီး
မင်းဘက်ကကြည့်တော့
ယ ပက်လက်

ငါ့ဘက်ကကြည့်တော့
ဂ ငယ်
မင်းဘက်ကကြည့်တော့
ပ စောက်

အဲလိုပဲ …
တစ်ကမ္ဘာထဲမှာ နေတယ်ဆိုပေမယ့်
မင်းက တောင်ဝင်ရိုးစွန်း
ငါက မြောက်ဝင်ရိုးစွန်း

မင်း အလင်းရောင်ရဖို့
ငါ အမှောင်ထဲမှာ နေရဦးမှာပဲ …

မင်း ကြယ်တွေကို မြင်ရဖို့
ငါ ပူလောင်နေရဦးမှာပဲ …

မျှော်လင့်ချက် တစ်ခုတော့ရှိတယ်
တောင်ဝင်ရိုးစွန်းနဲ့
မြောက်ဝင်ရိုးစွန်းကို
လောင်ဂျီကျုမျဉ်းတွေနဲ့ ဆက်သွယ်ထားတာတဲ့

ဒါဆို ငါမင်းဆီရောက်နိုင်တယ်
ဟုတ်တယ် …
ဒီမျဉ်းအတိုင်းလျှောက်ရင်
ငါမင်းဆီရောက်နိုင်တယ် …

ငါအရောက်လာခဲ့မယ်
အသက်မသေ သရွေ့ တော့
တစ်ခုတည်းသော မျှော်လင့်ချက်လေးနဲ့
မင်းဆီ ရောက်အောင်လာခဲ့မယ် …..

>> Phyoe Layy <<

In: ကဗျာ Posted By: Date: May 7, 2013
Comment #1

R lar lar
Mike de kwar.
kyike ei.
lone wa heart hti de.
plz let me copy

commentinfo By: ei lay at May 7, 2013
Comment #2

ရောက်အောင်လာခဲ့မယ် .. မိုက်တယ်

commentinfo By: မေပျို at May 7, 2013
Comment #3

လာခဲ့နော် စောင့်နေတယ်သိလား 😛
ကဗျားလေးအားပေးသွားပါ၏

commentinfo By: loafer at May 7, 2013
Comment #4

အရမ်း မိုက်ပါတယ် ဗျာ…
မင်း အလင်းရောင်ရဖို့
ငါ အမှောင်ထဲမှာ နေရဦးမှာပဲ …

မင်း ကြယ်တွေကို မြင်ရဖို့
ငါ ပူလောင်နေရဦးမှာပဲ …စာသားက heart ကို ရှပ်ထိသွားတယ်…

commentinfo By: ZzzZ at May 8, 2013
Comment #5

0-0
0-0

commentinfo By: ei lay at May 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment