Professional Authors

ပန်းတွေပွင့်တယ်

မင်းရဲ့… နှုတ်ခမ်းလေးကို
အတွေးထဲမှာ နမ်း
စိတ်ကူးယဉ်တာလေးတွေ နည်းနည်း ကြမ်းတမ်းတဲ့အခါ
ဟော..ငါ့ရင်ဘတ်မှာ ပန်းတွေ လာလာပွင့်တယ်။

ငါ့ရဲ့ ဘေးမှာ
မင်း..ရဲ့ လက်နွေးနွေးလေး ရှိနေတဲ့အခါ
ဘာမှ မလိုအောင်ပြည့်စုံ
စိတ်နဲ့ ခန္ဓာတစ်ခုလုံးကို မင်းအတွက် ပုံထားလိုက်တယ်။

မျက်လုံးလေးတွေ အသာမှိတ်
မင်း..ရင်ခွင်ထဲမှာ တစ်ခါလောက် အိမ်ခွင့်ရမယ်ဆိုရင်
ကြမ်းတမ်းချင်သလောက် ကြမ်းတမ်း
အဲဒီ ဘ၀ဆိုတဲ့ ခရီးလမ်းမှာ
ဒုက္ခဆိုလဲ ပုခုံးနဲ့ ထမ်းပြီးသွားမယ်။

ချစ်သူရယ်..
ငါ့ ကောင်းကင်မှာဆိုရင်လဲ
မင်းရဲ့ အပြုံးမျက်နှာလေးကို
လ တစ်စင်းလို ချိတ်ဆွဲထားလိုက်ချင်တယ်။

In: ကဗျာ Posted By: Date: Jul 14, 2010
Comment #1

မျက်လုံးလေးတွေ အသာမှိတ်
မင်း..ရင်ခွင်ထဲမှာ တစ်ခါလောက် အိမ်ခွင့်ရမယ်ဆိုရင်
ကြမ်းတမ်းချင်သလောက် ကြမ်းတမ်း
အဲဒီ ဘ၀ဆိုတဲ့ ခရီးလမ်းမှာ
ဒုက္ခဆိုလဲ ပုခုံးနဲ့ ထမ်းပြီးသွားမယ်။

ချစ်သူရယ်..
ငါ့ ကောင်းကင်မှာဆိုရင်လဲ
မင်းရဲ့ အပြုံးမျက်နှာလေးကို
လ တစ်စင်းလို ချိတ်ဆွဲထားလိုက်ချင်တယ်။
………….
အများကြီးအများကြီးကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Nov 23, 2010
Comment #2

မိုက်တယ်ဗျာ … ကြိုက်တယ် …။
ချစ်သူရယ်..
ငါ့ ကောင်းကင်မှာဆိုရင်လဲ
မင်းရဲ့ အပြုံးမျက်နှာလေးကို
လ တစ်စင်းလို ချိတ်ဆွဲထားလိုက်ချင်တယ်။

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment