Professional Authors

ကိုယ် ဖျားနာနေခဲ့တာကြာပြီ

သူဟာ
ကိုယ် ဘယ်တော့မှ မနိုးချင်တဲ့အိပ်မက် ဖြစ်တယ်

သူ့စကားလုံးတွေကြောင့်
အခါခါသေတိုင်း
သူ့ကို ချစ်တဲ့စိတ်က
ပြန်ဆွဲထူတယ်
စကားလုံးတွေကြောင့်
ကိုယ်တို့ဘာလို့ဝေးရမှာလဲကွယ်

ကိုယ့်မျက်ဝန်းတွေ အနီရောင်ဖြစ်နေပါစေ
သူမကြိုက်တဲ့အရာတွေ
မျက်ဝန်းထဲမှ မစီးဆင်းစေရ

ခရီးမိုင်တွေဝေးပေမဲ့
တထပ်တည်းကျခဲ့တဲ့ စိတ်တွေက
ခုတော့လည်း
တဖြည်းဖြည်းချင်း
ခရီးမိုင်တွေနဲ့အတူ လိုက်ပါသွားနေလိုက်တာ

မမြင်နိုင်တဲ့
မနက်ဖြန်ပေါင်းများစွာအတွက်
ချစ်ခြင်းနဲ့ ထွန်းညှိထားတဲ့
ဖယောင်းတိုင်လေး ကိုယ့်မှာရှိတယ်
သစ္စ္စာတရားလို့ နာမည်ပေးထားတယ်

ကိုယ်တို့နှစ်ယောက်ကြား
ဘာဆိုဘာမှ မမြင်ရတော့တဲ့အခါ
ကိုယ့်ဖယောင်းတိုင်လေးကို သတိရပါ

\’\’သူမရှိတဲ့အရပ်မှာ ကိုယ်ပျော်မနေတိုင်း
ကိုယ်မရှိတဲ့အရပ်မှာ သူနေပျော်ပါ့မလားလို့\’\’

ကိုယ် …..

မျှော်လင့်ချက်တွေသိပ်ကြီးလွန်းခဲ့သလား

အချစ်ကို အရမ်းဆုပ်ကိုင်ထားလို့
ကိုယ်ဖျားနာနေခဲ့တာ…

ကြာပြီ

သူ့ရဲ့နံရိုးလေးဖြစ်ပြီးကတည်းက
ကိုယ်ကဗျာ မရေးဖြစ်/မဖတ်ဖြစ်တော့ဘူး
သူဟာ
ကိုယ်နေ့စဉ်ဖတ်တဲ့ကဗျာ ဖြစ်တယ်

ခု ကိုယ်ကဗျာရေးနေတယ်

သူ့ကိုပြောပေးပါ

ကိုယ် ဖျားနာနေခဲ့တာကြာပြီ

ကိုယ် ဖျားနာနေခဲ့တာကြာပြီ

မှောင်တယ်
အရမ်း
ကိုယ့်ခြေထောက်တောင် ကိုယ်မမြင်ရအောင် မှောင်လွန်းတဲ့အခါ
ကိုယ်သူ့နာမည်ကို အော်ခေါ်မိတယ်

ကိုယ်ဖျားနာနေခဲ့တာကြာပြီ

ကိုယ်ဖျားနာနေခဲ့တာ ကြာပြီ
.
.
.
Mayga

In: ကဗျာ Posted By: Date: Mar 15, 2015
Comment #1

ကိုယ့်ခြေထောက်တောင် ကိုယ်မမြင်ရအောင် မှောင်လွန်းတဲ့အခါ
ကိုယ်သူ့နာမည်ကို အော်ခေါ်မိတယ်

ကိုယ်ဖျားနာနေခဲ့တာကြာပြီ

Very Nice !!

commentinfo By: PK at Mar 16, 2015
Comment #2

ကျေးဇူးတင်ပါတယ်ရှင့်

commentinfo By: Mayga at Mar 21, 2015
Comment #3

မြန်မာကဗျာ 2015 ဆိုတဲ့ application လေးမှာတွေ့တယ် ဒါပေမေယ့် ရေးတဲ့လူနာမည်မပါတာတော့ဆိုးတယ်ဗျ

commentinfo By: မာန်ခက်ဝင့် at Mar 28, 2015
Comment #4

ဟုတ်လားကိုမာန်ခက်ဝင့်
ကျွန်မ အဲ့ဒီ application ကို မသိဘူးရှင့်
ဒီကဗျာကို facebook မှာတော့ တင်ဖူးတယ်
စာသားတော့နည်းနည်းကွဲတယ်
ခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

commentinfo By: Mayga at Apr 16, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment