Professional Authors

နွေ သို့မဟုတ် သူ

မကြွေချင်သူကိုမှ ခြွေလို့
နွေသရုပ်ပါလို့ ပြောတဲ့နွေ

ရိုးတံပြိုင်းပြိုင်း
သစ်ပင်တိုင်းအကျည်းတန်မှ
နွေအလှပြည့်စုံတယ် ဆိုတဲ့နွေ

နွေယဉ်ကြောမှာ
ဥသြငယ်ရင်ကွဲမှ
နွေအလှပီပြင်တယ် ဆိုတဲ့နွေ

စမ်းတွေခမ်းလို့ ပန်းတွေနွမ်း
လှမ်းမယ့်လမ်းမှာ
အလွမ်းတွေသန်းမှ
နွေစခန်းမှာ ပျော်ရက်လေတဲ့
နွေ….. (သို့ ) သူ……..  ။

-Zora- 

In: ကဗျာ Posted By: Date: Feb 20, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment