သမိုင်းပြောသောစကား
”ကြည် ရေ
ပဲပြုတ်နဲ့ နံပြားရရင် စားချင် တယ်”
်ဒါပဲလားဗျာ
ခင် ဗျားထားခဲ့တဲ့ပေတံကြီးက
နောက်လူတွေ အ နေ ရ ကျပ် ကုန် ပြီ
”ရရင် ရ မ ရ ရင် ချ”
အဲဒီ့သတ္တိကြီးနဲ့
ဲ့မြန်မာပြည်မြေပုံကြီး
မတ်မတ်ကြီးရပ်နေခဲ့တာ
်ဘယ်သူကြက်သီးမထ နေနိုင် မလဲ
‘အောင် ဆန်းနင် ဘုရင် ဖြစ်ပြီဆိ’ု
အ မေ စု က မေးတော့
ကိုယ် ရံတော် တပ် မပါ
ရထားနဲ့အိမ်ပြန်လာတဲ့
မြန်မာပြည်ဝန်ကြီးချုပ်ကြီးက
သူ့သမီးအ ငယ်ဆုံးမ လေး
ခမည်းပေးဖို့ ရွှေတိုရွှေစ
ပြန်တောင်းသတဲ့
အဲဒါနဲ့များဗျာ
ရှမ်းအဖိုးကြီးကခင် ဗျားကို ရွှေအထုတ်လိုက်ပေးတုန်းက
ဖဆပလအဖွဲ့ချုပ်ကိုသွားလှူလိုက်
သေးတယ်
တကယ်လွန်လွန်းတယ်ဗျာ
ခင် ဗျားလုပ်တာနဲ့
အူမ တောင့်မှသီလ စောင့်တယ်
လို့ပြောတဲ့အဖိုးကြီးတွေ
လူ ပေါ ကြီးတွေဖြစ်ကုန်ပြီ
”စစ်သားဆိုတာတိုင်းပြည်အတွက်
စစ်တိုက်ဖို့ ဈေးခြင်းဆွဲဖို့မဟုတ်ဘူး”
ဆိုပြီး
နိုင် ငံ အ ကြီးအကဲ က တော်ကြီး
ကျုပ်တို့နိုင် ငံ ရဲ့ The Lady
ခင် ဗျားရူးမတတ် ချစ်တဲ့ ကြည် ကို
တိုင်းပြည်အတွက်
ပါးရိုက်ခဲ့သေးတယ် နော်
”စကားမများနဲ့ယူဆိုယူစမ်းဗျာ”ဆိုပြီး
လမ်းဘေးက
အ ကြော်သည် ယောင်္ကျားကို
ခင် ဗျားကုတ်အင်္ကျီကြီး
ချွတ်ပေးလိုက် တာ
ကျွန်တော်တို့နှလုံးသားတွေ
ခုထိနွေးတုန်း
”သူ့ဆန်စားပြီးရဲရသူထက်
ရန်သူအစစ်ကိုရှာတိုက်ပါ”
အဲဒီလိုနှလုံးသားနဲ့စစ်သားကြီး
အိမ်တော်စောင့်တပ်သားတွေနဲ့
အတူတူ
ဆန်ကြမ်းပဲဟင်းနဲ့ငပိကို
မြိန်ရေရှက်ရေစားတဲ့
နိုင် ငံခေါင်းဆောင်ကြီး
ကျုပ်တို့အစိုးရအဖွဲ့မှာ သူခိုးမရှိဘူး
လို့ပြတ်ပြတ်သားသား
ပြောနိုင် တဲ့ ခေါင်းဆောင် ကြီး
ပြည်သူက မကြည်ညိုဘူးလို့
သိတဲ့တ နေ့ ကပ် မ နေ ပါဘူး
ဆင်းသွားမယ်ဆိုတဲ့ ဝန်ကြီးချုပ်ကြီး
မြန်မာနိုင် ငံ မှာ သူ့ ကိုသတ်မယ့်သူ
မရှိဘူးလို့ကျုပ်တို့ကို
အကြွင်းမဲ့ယုံတဲ့
မဟာလူသားကြီးကို
ကျုပ်တို့ဗမာတွေသတ်ပစ်ခဲ့ပြီ။
သမိုင်းကစကားတခွန်းပြောခဲ့တယ်
်”ဒီမှာ
မြန်မာပြည်
အောင် ဆန်း အခါ ခါ မ သေ ပါစေနဲ”့
ဝေယံအောင် (ဓါတုဗေဒ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service