Professional Authors

တိမ်နှင်လေ

အငွေ့ပျံ ပေါ့ပျက်ပျက်
အထက်တက်ကာ ငွေ့ရည်ဖွဲ့
စုစည်းအားကောင်းနေချိန်
နေပူရှိန်တောင် အောက်မကျစေရ
လောကကို အမှောင်ချခဲ့………
ရွာမလို ရွာမလိုနဲ့
အယောင်တွေတပြပြ
ဘယ်တော့မှ ကျမလာတဲ့မိုးရည်
ဟော့သည့်မြေပြင်လောကထဲ ပတ်ကြားအက်တလှိုင်လှိုင်
ထုထည်ကောင်းတုန်း အုံ့ထားပေါ့မိုးတိမ်……..
လာပါပြီ
သူမဟာ လေညှင်းတစ်စ
လောကကို အေးငြိမ်းစေ
သူမဟာ မုန်တိုင်းတစ်ခု
တိမ်ထုကိုရွှေ့ပစ်ဖို့
သူမဟာ တိမ်နှင်လေ
အုံ့ဆိုင်းမှုတွေကိုပယ် ငါတို့ကို ကယ်ဆယ်ဖို့……………………..

In: ကဗျာ Posted By: Date: Jan 16, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment