Professional Authors

တိမ်

                   တိမ်

ရေးချထားတဲ့စာကြောင်းတွေ
မညီညာ မပြေပြစ် အလင်းပျောက်
ငှက်ဆိုးဘ၀အထီးကျန်
ပျောက်သွားခဲ့ပေါ့လက်စွပ်လေး
ဆူညံသံတွေကြား ငါ့နားထဲ
ဝေဒနာတွေပျောက်သွားလိုက် ပေါ်လာလိုက်
မင်းကိုလည်းရှာဖွေဆဲ
ဘယ်မှာမှမတွေ့
အနိစ္စ ဒုက္ခ အနတ္တ
မမြဲသောတရားသိထားပါ၏……
လက်စွပ်လေးပြန်တွေ့
မင်းကိုတော့ရှာဖွေဆဲ
ဝေဒနာတွေ အရင်အတိုင်း
ဆူညံသံတွေ ပျောက်သွားလိုက်ပေါ်လာလိုက်
ငှက်ဆိုးဘ၀အထီးကျန်
ရေးချထားတဲ့စာကြောင်းတွေ
မညီညာ မပြေပြစ် အလင်းပျောက်
သြော်..အနိစ္စ ဒုက္ခ အနတ္တ
မမြဲသောတရား  သိထားလည်း………။        ။

                                                           မင်းအိမ်

In: ကဗျာ Posted By: Date: May 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment