Professional Authors

အသစ်တစ်ဖန် (မောင်သိန်းဇော်)

အဲဒီမြူနှင်းတွေပေါ့၊
နှလုံးသားကို
ဆတ်ပိုင်းကျိုးကျစေတာ
လောကကိုရွှေဖြစ်အောင်
မပြုံးနိုင်တဲ့အဆုံး
နေလုံးလည်းကွယ်ပြီ။
ပြီး . . .
တစ်စက်ချင်းရွာတဲ့မိုးထဲ
ပထ၀ီမြေသားဟာ
ခြောက်သွေ့လွန်းရ၊
ကမ္ဘာတည်မယ့် ဇ နဲ့
ဘယ်သူလဲ?
လ ကို ယူဆောင်ခဲ့တာ
သူ အနုံညာတ မဟုတ်ပေဘူး။           ။
– မောင်သိန်းဇော်
၁၉၈၉၊ ရန်ကုန်
 တောင်ကုန်းအဟောင်းများ ကဗျာစာအုပ်မှ

Leave Comments

Name*

Email*
Website
Email me whenever there is new comment