Professional Authors

ဆယ့်ငါးနှစ်စာ

တတိတိသွားနေတဲ့ 
နေရထားနောက်က
အကောင်အထည်ပြခွင့်မရတဲ့
တဘက်သတ် ပြဇာတ်တစ်ပုဒ် အကြောင်း…..

သူမအတွက်လို့
ကြိုးစားရင်း ပုခုံးချင်းချိတ်မိတဲ့အမှားတစ်ခု
စကားခွန်းချိုချိုတွေ သော့ပိတ်ခံခဲ့ရ
အညတရဆိုတာလဲ
အသည်းကွဲတတ်ပါတယ်…

တို့နှစ်ယောက်အတွက်ဆိုတဲ့
ရည်ညွှန်းချက်တွေ ပျောက်ဆုံး
ရာသီတွေရဲ့ ခေါင်းအုံးအောက်မှာ
အမှတ်တရစာတွေပြန်ရှာရင်း
ကိုယ့်ကိုကိုယ် ပြန်တင်သွင်းခဲ့ပါသေးတယ်…

နွေတွေကိုယ်တိုင် အသိဆုံးပါ
မေလတွေမှာ ငါနေစရာပျောက်ခဲ့တဲ့အကြောင်းလေ
လိုလိုလားလား တောင်းခဲ့တဲ့ပွဲတိုင်း
တစ်ယောက်တည်း အခါးတွေချိုခိုင်းခဲ့ဘူးတယ်…

နှုတ်ဆက်ချိတ်မှာ
အနုပညာမပါဘူးလို့
ဘယ်သူပြောတာလဲ
ခုထိကဗျာစပ်ဖို့
စာတစ်ကြောင်းမတက်နိုင်ဘူးကွယ်…

ကျပ်ခိုးစော်နံတဲ့
ချစ်ခြင်းကျပ်တိုက် တစ်ခြမ်း၊
ပြန်တမ်းဝင် မျက်ဝန်းတစ်စုံ၊
ဆုံနိုင်ခွင့်မပါတဲ့ အနာဂတ်တစ်ခုအတွက်
နောက်ဆုံးတစ်ခါ
ငါ့ကိုပေးသေစမ်းပါ…

ထာဝရဆိုတဲ့ အစွဲပျောက်ဖို့
ကိုယ့်ကိုကိုယ် လက်တွေ့မှာရှာရင်း
ကျွတ်လွတ်တဲ့ဘ၀ရှင်းတမ်းတစ်ခုအတွက်
အေးအေးလူလူအိပ်တန်းမတက်နိုင်ခဲ့ဘူးကွယ်…

စုစုပေါင်း သီတင်းပတ်တွေကိုပဲ
လည်မှာဆွဲရင်း လျှောက်ခဲ့ပါတယ်
နားလည်တတ်ပါတယ်
ချစ်ခြင်းဖွဲ့သီ သက်သေတစ်ရပ်အတွက်
ရင်ဘတ်ကိုပဲ ထိုးအပ်လိုက်ပါရဲ့ကွယ်…

အဲဒီ အစိမ်းတွေကိုပဲ
ပူဇော်နေဆဲပေါ့
နေခဲ့တော့  ဆိုတာလေးပဲဖြစ်ဖြစ်
ငါ့ကို
ပေးရစ်ခဲ့ရင် စာနာရာရောက် ပါပြီမေ….

In: ကဗျာ Posted By: Date: Dec 6, 2014
Comment #1

အားပေးသွားပါတယ် Hero ရေ

commentinfo By: May Kha at Dec 10, 2014
Comment #2

ဂွတ်တယ်အစ်ကိုရေ

commentinfo By: Thood Khit at Dec 12, 2014
Comment #3

ကျေးဇူးတင်ပါတယ်ဗျာ

commentinfo By: HEROSMITH at Dec 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment