Professional Authors

နှလုံးသား သွေးစက်

ထိုင်း … မှိုင်း နေတဲ့ ညမှာ
နင့်မျက်ဝန်းက မုသား
ငါ အထင်းသား မြင်ရတယ်

ငါ့လက်တစ်စုံက
ပေးဆပ်ခဲ့ခြင်းကို
မင်း လက်တစ်စုံက
နွေးတတ်ခဲ့ရင် ..
မင်း အတွေးတွေ နဲ့
ငါမဝေး လောက်ပါဘူး … ချစ်သူ

စာချုပ်ချုပ် မဆိုထားကြတဲ့
နှလုံးသား နှစ်စုံ အတွက်
သက်သေ ထွက်ဆိုချက်တွေ
ဘာလို့ များ နင့်အတွက် လိုအပ်နေတာလဲ

နင်တကယ် မချစ်ဘူးပေါ့ …

အဲ့ဒီ ထွက်ဆိုချက်တစ်ရပ်က
အမှန်တရား သက်သက်ပါလို့
ငါ သတ်မှတ်မရဘူး ..

နင့်အပြုံးတစ်ပွင့်
ငါ့နှလုံးသားပေါ် ခြွေခဲ့စဉ်က
နင်ဟာ ရင့်ကျက် တည်ငြိမ် တတ်ခဲ့တယ်လေ

ရင်ထဲက အမှတ်တရတွေကို
ဒဏ်ရာ အဖြစ် မင်းပြောင်းပြစ်မယ်ဆို
ဒီရင်ဘတ်ကြီးက
ဆောင်းမရောက်တဲ့ နွေပေါ့

ကမ်းမကပ် တဲ့ လှေတစ်စင်းလို
မျက်ရည်မြစ်ထဲ လှော်မြဲ လှော်ဆဲ
ငါ့လှော်တက်ကလေး တွေ
မင်းအပြုံးတွေ ကြောင့်
ထပ်နွေးလာပြန်ပြီကွယ် …………….

ဒါပေမဲ့
ပြန်အေးစက်သွားမဲ့
အနွေးဓာတ်တွေ အတွက်
ငါ့မျှော်လင့်ချက် က
အနာတရ သက်သက် တွေ နဲ့ ဆို
ငါ့ရင်ခုန်သံတွေ ဟန်ချက် ပျက်ဖို့ မလိုအပ်တော့ဘူး

သွေးရူးသွေးတန်း
ငြင်းခဲ့ရတဲ့ ဒီရင်ဘတ်က
သွေးမျက်ရည် စက်လက် နဲ့
ငါ့ကိုယ်ငါ မမြင်ရက်ခဲ့ဘူး …………. ။

လွမ်းလှိုင်း

27.6.2010
ှSunday ( 2:30 am )

In: ကဗျာ Posted By: Date: Dec 19, 2011
Comment #1

ငါ့လက်တစ်စုံက
ပေးဆပ်ခဲ့ခြင်းကို
မင်း လက်တစ်စုံက
နွေးတတ်ခဲ့ရင် ..
မင်း အတွေးတွေ နဲ့
ငါမဝေး လောက်ပါဘူး … ချစ်သူ
……………………………………….

commentinfo By: နွေ at Mar 24, 2013
Comment #2

သွေးရူးသွေးတန်း
ငြင်းခဲ့ရတဲ့ ဒီရင်ဘတ်က
သွေးမျက်ရည် စက်လက် နဲ့
ငါ့ကိုယ်ငါ မမြင်ရက်ခဲ့ဘူး …………. ။

လွမ်းလှိုင်း

commentinfo By: မေပျို at Mar 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment