Professional Authors

ပခုက္ကူနည်းပညာတက္ကသိုလ်

အို ချစ်​​ကျောင်း​တော်​ကြီး….
ခေါင်း​လောင်းမထိုး​ပေမယ့်​လည်း
စာသင်​ သံ​တွေဆူညံဆဲပါ။
မြို့လယ်​တွင်းမှာမရှိ​ပေမယ့်​လည်း
အ​ဆောက်​ဦးကြီး ဟီး​နေဆဲပါ။
နွေ​နေပူ​လောင်​လွန်း​ပေမယ့်​လည်း
တို့​ကျောင်း​တော်​ရိပ်​က ​အေးမြဆဲပါ။
ဆရာ၊တပည့်​လည်း တန်းတူတွဲကာ
တူညီဝတ်​စုံ​တွေနဲ့ ဖြူစင်​ဆဲပါ။
အ​ရှေ့၊​အ​နောက်​ ကဲန်​(န်​)တီး(န်​) ရှိကာ
လှပသန့်​ရှင်းစွာ စားဖွယ်​ခင်းထားဆဲပါ။
ကျောင်း​တော်​တွင်းမှာ ပညာသင်​ရန်
သင်​​ထောက်​အကူ စုံလင်​​လှဆဲပါ။
စာကြည့်​တိုက်​အတွင်း
စာအုပ်​စုံလင်​၊e-library လည်းရှိပါ​သေးတယ်​။
ရေးလို့မကုန်​ အလှစုံ၍
အနာဂါတ်​ကြယ်​ပွင့်​ ​ပေါ်ထွန်းဆဲပါ။
အိုကွာစုံလှ အဘယ်​လဲဟ ကြည့်​လိုက်​မိခါ
ကျောင်း​ရှေ့ ​မော်​ကွန်း မားမားမတ်​မတ်
တို့မြို့ဂုဏ်​ရည်​​ဆောင်​ စာလုံးကြီးနှင့်​…
“ နည်းပညာတက္ကသိုလ်​(ပခုက္ကူ) ´´တဲ့…။ ။

In: ကဗျာ Posted By: Date: Jun 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment