Professional Authors

မေ့မရပါဆရာ

မေ့မရပါဆရာ

မေတ္တာတရား ကို မင်
သစ္စာ တ ရား ကို သင်
ကရုဏာ တရား ကို ဆင် တာဆရာ။
ငဝိုင်း အတွက် စာ မ သင်
သမိုင်း အတွက် စာသင် တာ ဆရာ။
ခါးသီးပေမယ့်
့တံတားကြီးလိုနေခဲ့တာ ဆရာ။
အမှားတွေကိုဖျက်
ဓါးတွေလို ထက်စေတာ ဆရာ။
နွမ်းခြောက် ပေ မယ့်
လမ်းဖောက် နေခဲ့တာ ဆရာ။
သူ့ဘဝ မစိမ်းလမ်းပေမယ့်
တယုတယ
ငြိမ်းချမ်း စေ ခဲ့ တာ ဆရာ။
မ ထောင် မ လွှား သ ဘော
့အဖြူရောင် စ ကား ပြော တာ ဆရာ။
စိတ် အ နာ တွေ စွဲ ပေ မယ့်
သိက္ခာ တွေ မြဲ နေခဲ့ တာ ဆရာ။
ဇရာ တရားတွေ ရွေ့ နေ လည်း
သဒ္ဒါ တ ရား တွေ ပြည့်နေ ဆဲ မို့
ကြွေနေလည်း ဝေ နေ ဆဲ။
ၵ့တကယ့္ဆရာဆိုတာ
အနာ ဂါတ် ကို ခဲခဲယဉ်းယဉ်း
ကိုယ်ဝန်ဆောင် နေတဲ့
သားသည် မိခင် တွေပဲ။ ။

In: ကဗျာ Posted By: Date: Aug 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment