Professional Authors

ရင်ဘတ်ထဲကတက်တူး

‘ရင်ဘတ်ထဲကတက်တူး’

လူအ တစ်ယောက်ရဲ့အိပ်မက်ထဲ
ပိတောက်ကိုပွင့်ခဲ့
အချစ်ကိုပွင့်ခဲ့
မင်းကိုလည်း ပွင့်ခဲ့တယ် မနှင်းဆီ……
ခါတိုင်းလိုပါပဲ
မနက်ဖြန်တိုင်းဟာ လမိုက်ည အရေခြုံလို့
ဘ၀ ကို ဘ၀ ဆန်ဆန်ပဲနေတတ်လာတယ်
ကျေးဇူးပြု၍
ကံဆိုးကောင်ကို ရွာပြင်ထုတ်ပေးပါ
အဲဒီမှာ……..
ပြဇာတ်တိုက်သလို အံဝင်ခွင်ကျ မနက်ခင်းတစ်ချို့ရှိတယ်
လုံးလုံးလျားလျား သံယောဇဉ်တွေရှိတယ်
ကိုယ်ရောင်ကိုယ်ဝါ မတောက်ပတဲ့အိပ်မက် တစ်ခုမကရှိတယ်
မနှင်းဆီရဲ့ အရိပ်အယောင်လေးလည်းရှိတယ်
ထပ်ပြောမယ်…..
ကျေးဇူးပြု၍ ကံဆိုးကောင်ကို ရွာပြင်ထုတ်ပေးလိုက်ပါ
အဲဒီမှာ ကျွန်တော့်ရင်ဘတ်တစ်ခြမ်းရှိတယ်

In: ကဗျာ Posted By: Date: Jul 31, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment