Professional Authors

်Freedom

နေ့…
ဒီနေ့ဇန်န၀ါရီလ(24)ရက်နေ့..
ဆောင်းရဲ့ လလယ်ဆိုတော့ အအေးဓါတ်ကအာနိသင်နည်းသွားပြိ…
ကျမကတော့ နေ့စဉ် ဂျူတီတိုင်း အလုပ်မှာပေါ့…
ဒီနေ့အွန်လိုင်းကိုဖွင့်လိုက်တော့ ကျမသူငယ်ချင်း နှင်းယွန်းနေခြည်တယောက်ပေါ့..
အလုပ်ကိုခွင့်တင်ပြီး အိမ်မှာဘဲ ကြိတ်ပြီး နောက်စာအုပ်အသစ်ထုပ်ဘို့နဲ့ နောက်ထပ် ကိုမင်းထင်ကိုကိုကြီးစီစဉ်တဲ့ ပြိုင်ပွဲကို ပြင်ဆင်နေတဲ့အကြောင်း
ဖေ့ဘုပ်မှာ ထိုင်ပြီး ကြော်ညာနေတယ်..
နောက်ချစ်သူငယ်ချင်း ကျော်နှင်းဆီကတော့ အလုပ်တွေ လောဘကြီးပြီး ဒလဖက်မှာ ဆီးဆာအလှ စင်းတွေ သွားရိုက်နေတယ်တဲ့ သူကလည်း ဖေ့ဘုပ်ကနေကြော်ညာနေတာ တွေ့ရပြန်တယ်..ဒါနဲ့ ကျနေခြည်ဆီဖုန်းဆက်တယ်..ငါလည်း ဘာကြော်ညာရင်ကောင်းမလည်းဟင်လို့..
ဟုပ်တယ်မဖြူရေ စိတ်ကူပေါက်တာနဲ့ စိတ်ကူထဲက အလုပ်တွေ လုပ်နေတာလေတဲ့..
ကောင်းတာပေါ့ အမကတော့ ဟိုတခါပြောတဲ့ ထူခြားတဲ့ အရည်ချင်း။ဒါမှမဟုပ် ထူးခြားတဲ့ စိတ်ထားရှိသူမိန်းမတွေ အကြောင်းအင်တာဗျူးနဲ့
အမရဲ့ ပရိသါတ်ကို တင်ပြချင်တဲ့ စာလေးတွေကို စုစည်းပြီး စာအုပ်ထုပ်မယ်ဆိုတာလေး အကောင်ထည်ဖေါ်ချင်မိတယ်လို့ပြောတော့ အကောင်းဆုံးပေါ့မဖြူရယ်တဲ့ အားပေးစကားတခွန်းရလိုက်တယ်..
ဒါနဲ့ စိတ်ကူးတွေ အကောင်ထည်ဖေါ်ဘို့ အဲယားကွန်းအေးစိမ့်နေတဲ့ အခန်းထဲ့မှာ ထိုင်ရင်း ဘေးက အငွေ့တထောင်းထောင်းထနေတဲ့ အနံခပ်ပြင်းပြင်း ကော်ဖီတခွက်နဲ့ အဖေါ်ပြုပြီး
အစပြိုးလိုက်တယ်… စာတွေကဗျာတွေ မရေးရတာ နည်းနည်းကြာတော့ စိတ်ကူးထဲက ပုံရိတ်တွေ အတွေးတွေက အမှတ်တရတွေဆီသို့…
တခါတရံ အမှတ်တရ ချရေးထားတယ်..ဘာတွေလည်းဆိုတော့ ဘ၀ရဲ့ တွေ့ကြုံရတဲ့ အကြောင်းတစိတ်တဒေသတွေပေါ့..
ဘ၀ရဲ့ တစိတ်တဒေသတွေမှာ ငါဟာ အမှတ်တရတွေ ရှိခဲ့တယ်..တခါတရံ သံသယဆိုတဲ့ အတွေးတွေရောပါဘဲ..ပျော်ဘူးတာလေးတွေ ။ရယ်ဖူးတာလေးတွေ ။ဝမ်းသာဘူးတာလေးတွေ ၀မ်းနည်းဘူးတာလေးတွေ ။အားလုံးစုံလို့ပါဘဲလေ..တခါတလေ စိတ်ဖိစီးတဲ့အခါ စိတ်ပြေပျောက်ဘို့ နာကျပ်တပ်ပြီး သီချင်းတွေ အကျယ်ကြီး နားထောင်..ကားကို ခြေဦးတည့်ရာ ရှောက်မောင်းပြစ်..ပြီးတော့ သံလျင်တံတားပေါ်ကနေ ကားတံခါးဖွင့်ပြီး အော်ချင်သလောက်အော်ပြစ်ရင်ရော စိတ်ပြေသွားနိုင်ပါသလားလို့..
စိတ်လှိုင်းတွေက ထွေဖျားလျက်နဲ့ ဘေးကကော်ဖီပူပူခါးခါးကိုသောက်လိုက်တော့ ရင်ထဲမှာ ပူခါးပြီး ၇င်တုံသွားတယ် ရေးနေတဲ့ ငါ့လက်ကဘောပင်လည်း တယိမ်းတယိုင်နဲ့…
ဘာတွေချရေးမိပါလိမ့်…
နေ့…ဒီနေ့
မနေ့..မနက်ဖန်..
သဖက်ခါဆိုသလို..
နေ့တွေဟာ ငါ့တွက်..
ကြည်နူးရသောနေ့..
ပျော်ရွင်ဘူးသောနေ့..
ရယ်မောဘူးသောနေ့..
ရင်မောဘူးသောနေ့..
ဆုံးရှုံးရသောနေ့..
အောင်ပွဲဆင်သောနေ့..
ဆိုတဲ့ နေ့ပေါင်းများစွာ..
အားလုံးကောင်းပါတယ်..
အလှည့်ကျဘဲပေါ့…
ဘယ်တပ်နှိုင်မလည်းလေ..
ဘုရားအလို့ပေါ့….july rain

In: ကဗျာ Posted By: Date: Jul 26, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment