Professional Authors

XXXXXXXXX

စိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့ စကား
ခုမှ မှား
ငါ့မှာ ကိုယ်ထောင်းလို့
စိတ်ကြေရတဲ့ ကြားထဲ
အလုပ်က ရှုပ်
ခုံပေါ်မှာ တကုပ်ကုပ်
အလုပ်တွေ လုပ် ….

အလုပ်တွေ ပြီးတော့လည်း
စိတ်က လေတစ်ခြမ်းဖြတ်နေတော့

စုတ်ပြတ်သတ်နေတဲ့
idea အပုပ်အသိုးတွေနဲ့
ကဗျာရေးလို့လဲ မထွက်
စာရေးလို့လဲ မရ

ဖျတ်လတ်မှုနဲ့ စိတ်ကူးတွေ
ဘယ်ကို ယိုစီးသွားလဲ . ..
ပြန်လည် ပန်းပုထုနိုင်အောင်
အနည်းဆုံးတော့
အစိုင်အခဲတစ်ခုဖြစ်အောင်
ငါ အားထုတ်ရဦးမယ်
🙁

Comment #1

ကောင်းတာပဲဗျ…..

commentinfo By: moehtetaung18 at Dec 7, 2010
Comment #2

ကောင်းနေတာပဲ ကိုမိုးထက်ရာ
မကောင်းတာလေးများ ဝေဖန်ပါဦးဗျ…
🙂

commentinfo By: Su Han at Dec 7, 2010
Comment #3

မိုက်တယ်

commentinfo By: အသဲကွဲမိုး at Dec 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment