Professional Authors

ရေခဲတိုက်တစ်ရုံအလိုရှိသည်

ရေခဲတိုက်တစ်ရုံအလိုရှိသည်
++++++++++++++++++++

အမှတ်တမဲ့ ငါလျှောက်သွားရင်းနဲ့
မရောက်ချင်ဘဲ ရောက်သွားခဲ့တယ်
လူတွေ တိတ်ဆိတ်၊ ငိုညည်းနေကြရှာ.
ဘယ်နဲ့ဟာတုန်း….။

မကြားချင်တဲ့ စကားတွေအထပ်ထပ်အဖန်ဖန်
ကြားချင်တဲ့ ဟာတွေ ဘယ်နှယ့်ရောက်ကုန်ပြန်
သေချာပြန်စဉ်းစား…။

မင်းရဲ့နှလုံးသားလေး ခဏလေးနေရာရွေ့ပေးပါ
ငါကြော်ငြာစာတစ်ခု အမိန့်ထုတ်မလို့…
ရေခဲတိုက်တစ်ရုံအလိုရှိသည်…။

ဘာကြောင့်လဲတော့ ပြန်မမေးနဲ့
ငါလည်းအထက်အမိန့်အရ ထုတ်ပေးရတာ
ငါလည်းသေချာမသိပေ၊
မင်းသိချင်ရင်တော့ ဟိုအညတရတောင်းစားနေတဲ့
ကလေးငယ်တွေသာ ပြန်မေးကြည့်ပေတော့…။

လစဉ် မျက်စိထဲ၊နားထဲခါးနေတဲ့အရာ တစ်ခုမကရှိတယ်
တော်တော်ခံရခက်တာတယ်လို့လည်း ငါမပြောချင်ဘူး
သူဟာသူနေတဲ့ဟာကို ငါကိုယ်၌ကိုက
ကြည့်မရတာတော့ မတတ်နိုင်ခဲ့….။

မင်းနားလည်မယ်လို့ ထင်နေတုန်း
ဆူးလေခန်းမရှေ့နားက ဘာမဟုတ်တဲ့ အသံဗလံအစုံကြားရ
သူတို့ခမျာ သနားပါတယ်၊ ဘာမှလည်းမရရှာဘဲနဲ့
သံစဉ်တွေလည်း ပျောက်နေရှာတယ်လို့
မြို့တော်ဝန်ကြီးကတော့ ပြုံးစိစိနဲ့..။

ရေခဲတိုက်တွင်မဟုတ်ဘူး တစ်ကမ္ဘာလုံးအေးခဲနေရင်တောင်
ထားစရာမရှိဘူး…
သောက်ရှက်မရှိတဲ့ ဒင်းတို့တစ်တွေကို၊
အပူရှပ်နေတဲ့ ကမ္ဘာကြီးကတောင် ပြောလိုက်သေးတယ်
သူတို့သေရင် ငါ့အသားမှာမထည့်နဲ့လို့…။

မင်းတို့ ပါးစပ်လေးတွေ ခဏပိတ်ပေးပါ
ငါ ပြန်တမ်းတစ်ခု ထုတ်ချင်တယ်
ရေခဲတိုက်တစ်ရုံမက အလိုရှိနေတယ်
ပုံ….. အမိန့်အရ သူ…။

နှလုံးသားတွေကို အေးနေစေချင်သူ
………… ကိုဇေ………………

In: ကဗျာ Posted By: Date: Jun 20, 2014
Comment #1

သူဟာသူနေတဲ့ဟာကို ငါကိုယ်၌ကိုက
ကြည့်မရတာတော့ မတတ်နိုင်ခဲ့….။

commentinfo By: HH at Jun 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment