Professional Authors

လူမိုက်လက်သစ် အလိုရှိသည်-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

သွားကြ

မီးဟုန်းဟုန်းတောက်စေတဲ့

အမှောင်စုန်းစုန်းတွေ ငါ့ဆီကို ဘယ်တော့မှ ပြန်မလာနဲ့

သွားကြဟိုးအဝေးဆုံးထိရောက်အောင်သွားကြ

လမင်းခေါ်လို့လည်း မလိုက်ချင်

ဘာကမှ လာမခေါ်ကြပါနဲ့

နေဆယ်စင်းလောက် ပြင်းပြင်းကျအောင်ကို ပူလောင်လှတဲ့အခါ

ငါ့ ဆိတ်ဖလူးပွင့်ဖတ်လေးတွေ သေဆုံးသွားခဲ့ရတယ်

မှောင်မိုက်သော ကမ္ဘာနှင့်အပြိုင်

ငါရယ်ငါမာနရယ်ငါ့ ကြယ်ကလေးတွေရယ်

မိုက်မိုက်မဲမဲနဲ့ ကောင်းကင်ကို ဆွတ်ချူပစ်လိုက်တယ်

ကဲဘယ်သူတွေ ငါ့လောက်မိုက်ခဲ့ကြတယ်တဲ့လဲ

လူမိုက်လက်သစ် အလိုရှိသည်

အကာအရံ၊ အဟန့်အတား မိစ္ဆာစည်းဝိုင်းတို့ပျက်ပြယ်

နယ်စည်းမခြားတဲ့မာန်နဲ့ ခြေဖ၀ါးကို အမြှောက်ဆင်လို့

လျှောက်လှမ်းခဲ့တယ်

သွားကြသွားကြ ဆိုမှတော့ ဟိုးအဝေးရောက်အောင် သွားကြပေါ့

နမိတ်ပုံအဆန်းလေးတွေနဲ့ ကဗျာဟာ

 

နမိတ်ပုံအဆန်းလေးတွေကြောင့်ပဲ သေဆုံးခဲ့ရ

တကယ်တော့ မတရားပါဘူး..

ကဗျာကိုဖျက်စီးတဲ့ ဘယ်သူဖြစ်ဖြစ် မတရားကြပါဘူး

စကားလုံးတွေကို စမ်းရင်းစမ်းရင်းနဲ့ ကမ်းပါးဝကိုရောက်လာ

ငါတို့ရှာနေတဲ့ စကားလုံးတွေဟာ ဟိုးရေပြင်နက်ထဲမှာ ရှိတယ်

ကာရန်ပါမှ ကဗျာမှန်တယ်လို့ပြောတဲ့ လူဆိုးတွေကိုပဲ

ဆောင့်ကန်ချလိုက်ရင် မကောင်းဘူးလား

မြန်မြန်လေးသာ စဉ်းစားကြပါ

ဟိုးးးးးမြူခိုးတွေနဲ့ မနက်ခင်းမှာ

ငါခြွေချခဲ့တဲ့ ဆိတ်ဖလူးပွင့်ဖတ်တွေကို တယုတယကောက်ယူ

ငါလာရင် ငါ့ကိုပြန်ပေးမလို့ဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်

ချစ်ရပါသော ကမ္ဘာမြေနှင့် ကမ္ဘာမြေချစ်ရသော ကျွန်တော်

သက်တန့်ကိုယ်စီကို ပိုင်ဆိုင်ခဲ့ရတဲ့ပွဲ

လေလာရင် ယိမ်းပစ်လိုက်တာကို မုန်းသလိုပ

သက်တန့်တွေ တိမ်းစောင်းသွားတာကိုလည်း မုန်းတယ်

အခုအိမ်နရံမှာ မီးသွေးခဲနဲ့ ရေးထားတဲ့ စာလုံးက အထင်းသား

လူမိုက်လက်သစ် အလိုရှိသည်

                                    ရွှေကြယ်မိုး

In: ကဗျာ Posted By: Date: May 15, 2012
Comment #1

arr pay twar par d

commentinfo By: ei lay at May 15, 2012
Comment #2

နမိတ်ပုံအဆန်းလေးတွေကြောင့်ပဲ သေဆုံးခဲ့ရ…

တကယ်တော့ မတရားပါဘူး..

ကဗျာကိုဖျက်စီးတဲ့ ဘယ်သူဖြစ်ဖြစ် မတရားကြပါဘူး

စကားလုံးတွေကို စမ်းရင်းစမ်းရင်းနဲ့ ကမ်းပါးဝကိုရောက်လာ…

ငါတို့ရှာနေတဲ့ စကားလုံးတွေဟာ ဟိုး…ရေပြင်နက်ထဲမှာ ရှိတယ်

ကာရန်ပါမှ ကဗျာမှန်တယ်လို့ပြောတဲ့ လူဆိုးတွေကိုပဲ

ဆောင့်ကန်ချလိုက်ရင် မကောင်းဘူးလား…

ကျွန်တော် နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲ မိုး at May 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment