Professional Authors

ရှင်ကွဲ

ရင်ထဲမှာ ..နာနေပါတယ်ဆိုမှ..
မိုးက ပိုပိုသည်း…
ခုတော့လည်း…
ကိုယ်တစ်ယောက်ထဲပါကွယ်……

နားလည်ပါတယ်…
စီမံချယ်လှယ်လို့ မရတဲ့ကံတရား…
ငါတို့ခွန်အားနဲ့..
ရင်ဆိုင်ကျော်လွှားရမယ်…..

အားမငယ်ပါနဲ့….
အနေမနီးပေမယ့်…
စိတ်ချင်းဆက်သွယ်….
အိပ်မက်မှာ တွေ့ကြမယ်..လေ….

မပြည့်ဝသေးတဲ့..
ငါတို့ရဲ့မျှော်လင့်ခြင်း…
တောက်ပဖို့အတွက် အရောင်တွေသွင်းလို့…
တစ်နေ့မှာ..လင်းစေရမယ်……

ရှင်ကွဲ..တဲ့….
စကားနှစ်လုံးထဲပေမယ့်….
တဆတ်ဆတ်ခါ….
တမြေ့မြေ့လောင်မြိုက်…..
အသည်းထဲကို ဓါးစိုက်လိုက်သလိုပဲ…….

မင်းရှိရာအရပ်ကို..မျှော်မှန်း…
ရန်ဖြစ်ပြီး…ပြန်ချစ်ခဲ့ကြတဲ့..
အချိန်တွေကို လွမ်းတယ်……..

လေးညှို့ရှင်
(၈.၆.၂၀၁၄)
10:41 PM

In: ကဗျာ Posted By: Date: Jun 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment