Professional Authors

9:oo Pm

ဒီအချိန်ဆို တီကောင်တစ်ကောင်

ဆားပတ်ခံထားရသလိုပဲ

အိပ်ရာပေါ်မှာ လူးလိမ့်လို့ 

သတိရမှုတွေကို မျိုသိပ်နေရတယ်…။

ဒီအချိန်ဆို ဘိန်းစား

ဘိန်းငတ်သလိုပဲ ခြေတုန်လှုပ် လက်တုန်လှုပ်

ရင်တွေတုန်လို့  တောင့်တမှုတွေကို

စောင့်စားရင်းနဲ့ ပဲရနိုင်မယ်…။

ဒီအချိန်ဆို…

 ရမ္မက်တွေကို ထိန်းသိမ်း

အမှတ်တရတွေကို စောင့်ရှောက်

နာကျင်စရာတွေကို လွမ်း

လွမ်းရင်းနဲ့ ပဲ နာကျင်

မီးပင်လယ်တွင်

လောင်မြိုက်ရင်းနဲ့  ပျော်ဝင်

နှလုံးသားသည် ကြေမွ

အရှုံးများသည် ထကြွ (ပုန်ကန်)

အမှတ်တရသည် ထက

သူမသည် လှောင်ပြုံး

ဒီအချိန်ဆို ကျွန်တော့်ဘ၀သည် လောင်မြိုက်တုန်း…။
                                         လောင်မြိုက်ဆဲ…။

In: ကဗျာ Posted By: Date: Feb 26, 2013
Comment #1

mike de.
mike de.

commentinfo By: ei lay at Feb 26, 2013
Comment #2

Brilliant writing ~~

With respect,
RAY

commentinfo By: X - ray at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment