Professional Authors

GTC (သို့) မှော်ဘီလေးတစ်နေရာသို့

GTC (သို့) မှော်ဘီလေးတစ်နေရာသို့

မင်းစကားလုံးတွေ နဲ့ မုန်တိုင်းတိုက်တဲ့ နေ့က

ကျောင်းေ၇ှ့သီရေတာကြီး က

ခွေပျင်းတစ်ကောင် အိပ်နေသလို

လျော့တိလျော့ရဲ……

အမှန်တရား ဆိုတဲ့ ငနဲ သားကလည်း

လွယ်အိတ်ထဲ ပါမလာခဲ့ဘူး…

စွပ်စွဲချက်တွေ အတွက်

ဖြေရှင်းချက်ဟာ ငါ့သိစိတ်အတွက်

မလိုအပ်မှု ပါ မိန်းကလေးငယ်..

သော်ငြားလည်း…

မာနအတွက်

မဏ္လပ်တိုင် တက်ပြခြင်းကို

ချောဆီသုတ်ခွင့်ပြူပါ…

မိန်းကလေးငယ်…

တစ်ကယ်တော့ နတ်သမီးရယ်..

ဟောဒီ ဂျစ်ပစီဆံရှည်ကောင် ရဲ့

ရင်ဘတ်ထဲမှာ

အချစ်ဆိုတဲ့ သီအိုရီတွေ..

မရှိသေးပါဘူး…

ဒိုင်ယာရီထဲ မှာ…မင်းကို

ခိုးပီး လွမ်းတာကို မှ အပြစ်သင့်တယ်ဆိုလဲ….

ကျုးပစ်ရဲ့  မြှားတွေ အကုန်ရိုက်ချိုးခဲ့…

ပိုးစက်ပက်စက် အလွမ်းတွေ နဲ့

… ပြောလို့ရတာတစ်ခုက…

မင်းကိုမင်းအမြင်ကတ် ပုဒ်မ

ပိုင်တယ်ဆိုပီး..

သိပ် ဖိုက်တာတော့ မလုပ်နဲ့…

In: ကဗျာ Posted By: Date: Jun 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment