Professional Authors

အောက်ဆီဂျင်

အဖြူ   အနက်

နေ့စဉ်ပဲ တကျက်ကျက်

ကျနော် ဟာ

ခွာသံ တခွပ်ခွပ်(လူရာဝင်ချင်တဲ့ ရောဂါ) ကြား

အ ခါ ခါ ကို မီးသေလို့

 

ဒီလို ယန္တရား နဲ့

အခါးဓာတ်တွေ များ လွန်း

(ခြင်တစ်ကောင်လို သွေးစုပ်ခြင်း)

ဒီလို ခြောက်ခြားမှုမျိုး ထဲ ကို

အရက်ဖြတ်ခါစလို

ကသောကရော မျော. . . လို့

မြို့ပြရဲ့ အပေါက်ကြီးထဲ

အောက်ဆီဂျင်ကလည်း ပြတ်တောက်နိုင်လွန်း

 

နို့နစ်ရောင်   အိပ်မက်   ဆာလောင်ခြင်း

 

မနက်ခင်းက လင်း လာတယ်

အမြင် ကလည်း ရှင်းလာတယ်

 

ဂျစ်ပစီနဲ့ ပလက်ဖောင်းလေးဟာ သိပ် လှတယ် ။      ။

 

                                                                             စုန်းပြူး

In: ကဗျာ Posted By: Date: Jan 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment