Professional Authors

ဒုက္ခသယ်

မိမိုး………

တစ်ပတ်လုံးလုံး
အညိုးတွေနဲ့ရွာနေတာတောင်
မကျေနပ်နိုင်သေးဘူးလားဟာ…။

ငါ့နှလုံးသားလေးလည်း
နင့်အညိုးမိုးတွေကြောင့်
ရေတိမ်နှစ်နေပြီပဲဟာ..။

တကယ်တော့ငါက
နင့်ရင်ခွင်ထဲက
နင်လျှစ်လျှုရှုထားတဲ့
ရေဘေးဒုက္ခသယ်တစ်ယောက်ပါ…။

ကူပါကယ်ပါအော်ဟစ်နေပေမယ့်
တပါးသူတွေရဲ့ကယ်ဆယ်မှုကို
ငါမလိုချင်ပါဘူးဟာ…။

နင့်ရဲ့စာနာမှုနဲ့အတူ
အညိုးနဲ့ရွာနေတဲ့မိုး
တိတ်သွားစေဖို့
ဆန္ဒတစ်ခုတည်းပါ…။

In: ကဗျာ Posted By: Date: May 23, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment