Professional Authors

ခွင့်ပြုမယ်ဆိုရင်တော့ မျှော်နေပါရစေ………….(psycho)

အတူဆော့ခဲ့ဖူးတဲ့  scrabble ကစားနည်း
အတူ ကစားခဲ့တဲ့ uno ကဒ်လေးတွေက
 သူတို့  ပိုင်ရှင်ဖြစ်တဲ့
“မင်း”ကို ဘယ်တော့များ ပြန်လာမလဲလို့……………..
စော့င်နေလေရဲ့……………

အတူသွားခဲ့ဖူးတဲ့ ကန်ဘောင်
အတူထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံလေးတွေက
သူတို့ဆီ
ဘယ်တော့များ ထပ်လာမလဲလို့……………….
စောင့်နေကြလေရဲ့………………

အတူစားခဲ့ဖူးတဲ့ ထမင်းဆိုင်
အတူသောက်ခဲ့ဖူးတဲ့ ကဖေးဆိုင်တွေက
ဘယ်တော့များ ရောက်လာမလဲလို့………………….
စောင့်နေကြသေးရဲ့………………..

အတူပျော်ဖူးခဲ့တဲ့ ရက်တွေ
အတူပျော်ခဲ့ဖူးတဲ့ အချိန်တွေကို
ဘယ်တော့မှ ပြန်မရ နိုင်တော့သလိုပဲ
“မင်း”ကိုလည်း  ဆုံးရှုံးခဲ့ရပါတယ်……..

scrabble နဲ့ uno ကဒ်လေးတွေနဲ့အတူ
မျှော်နေပါရစေ။
ကန်ဘောင်က ခုံလေးတွေနဲ့အတူ
မျှော်နေပါရစေ။
ကုန်ဆုံးသွားတဲ့အချိန်တွေကိုတော့
လက်လွှတ်ခံနိုင်ပါရဲ့…
ဒါပေမယ့် “မင်း” ကိုတော့
မဆုံးရှုံး ပါရစေနဲ့……………….
ခွင့်ပြုမယ်ဆိုရင်တော့  မျှော်နေပါရစေ………………………

In: ကဗျာ Posted By: Date: Jun 10, 2011
Comment #1

ကုန်ဆုံးသွားတဲ့အချိန်တွေကိုတော့
လက်လွှတ်ခံနိုင်ပါရဲ့…
ဒါပေမယ့် “မင်း” ကိုတော့
မဆုံးရှုံး ပါရစေနဲ့……………….
ခွင့်ပြုမယ်ဆိုရင်တော့ မျှော်နေပါရစေ………………………
ခံစားချက်တွေ ကောင်းပါတယ်။အားပေးသွားပါတယ်။.

commentinfo By: poem.poem28 at Jun 10, 2011
Comment #2

အလုပ်ကောင်းဆိုဘာမှမလုပ်ကြဘူးလား။တစ်ချိန်လုံးကစားလိုက်ထိုင်လိုက်နဲ့ပဲဘ၀ကိုကုန်ဆုံးမလို့လား။
မျှော်လင့်နေတာတွေဖြစ်ပါစေ။အားပေးသွားပါတယ်။

commentinfo By: သူရိန်ကျော် at Jun 13, 2011
Comment #3

အတူဆော့ခဲ့ဖူးတဲ့ scrabble ကစားနည်း
အတူ ကစားခဲ့တဲ့ uno ကဒ်လေးတွေက
သူတို့ ပိုင်ရှင်ဖြစ်တဲ့
“မင်း”ကို ဘယ်တော့များ ပြန်လာမလဲလို့……………..
စော့င်နေလေရဲ့……………

အတူသွားခဲ့ဖူးတဲ့ ကန်ဘောင်
အတူထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံလေးတွေက
သူတို့ဆီ
ဘယ်တော့များ ထပ်လာမလဲလို့……………….
စောင့်နေကြလေရဲ့………………

အတူစားခဲ့ဖူးတဲ့ ထမင်းဆိုင်
အတူသောက်ခဲ့ဖူးတဲ့ ကဖေးဆိုင်တွေက
ဘယ်တော့များ ရောက်လာမလဲလို့………………….
စောင့်နေကြသေးရဲ့………………..။

commentinfo By: အောင်ရဲသူ at Jul 11, 2011
Comment #4

ဒါပေမယ့် “မင်း” ကိုတော့
မဆုံးရှုံး ပါရစေနဲ့……………….
ခွင့်ပြုမယ်ဆိုရင်တော့ မျှော်နေပါရစေ………………………။

အားပေးသွားပါတယ်….။

commentinfo By: ကေသရီ at Sep 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment