Professional Authors

ဥဒ္ဓိစ္စ

ဥဒ္ဓိစ္စ

 

အိပ်မက်ကိုစေ၊

လေပြည်တဲ့လား။

တိမ်ကဝေ သွဲ့နှောင်းဆင့်၊

နွဲ့ပြောင်းလွင့်ပါး။

 

အိပ်မက်အိမ်ပေါ်မှာ၊

ပျော်ပါရဲ့လား။

မှော်ဆရာ ကြိုးစက်ဝင့်၊

ပျိုးပြက်ပွင့်သွား။

 

အိပ်မက်ကပုံပြင်၊

ယုံချင်သူ့အမှား။

မြခွါညိုအိပ်တန်းတက်၊

စိတ်နွမ်းရက်များ။

 

အိပ်မက်ရဲ့ခြေရာ၊

ကဗျာတဲ့လား။

ဝစ္ဆသာ စံရာလှမ်း၊

ပန်းပွင့်စေသား။ ။

 

In: ကဗျာ Posted By: Date: Jun 19, 2010
Comment #1

ဝစ္ဆသာ???

ပန်းပွင့်လိုတဲ့ နေရာရဲ့ အဓိပ္ပါယ် သေချာလေး သိချင်လို့ 🙂

commentinfo By: John Moe Eain at Jun 20, 2010
Comment #2

ဝစ္ဆသာ ဆိုတာ သူရိယ ဝစ္ဆသာ နတ်သမီးကို ရည်ညွန်းတာပါ မိုးအိမ်ရေ … ပဉ္စသိင်္ခနတ်သား ရဲ့ချစ်သူ … တိမ္ဗရုံ နတ်စစ်သူကြီးရဲ့ သမီးတော်ပါ … “ဒေဝစ္ဆရာ” လို့လည်း သိကြတယ်လေ …

commentinfo By: harry at Jun 20, 2010
Comment #3

း) ဟုတ်…။ အဓိပ္ပါယ်လေး သေချာသိတော့ ကဗျာဖတ်ရတာ ပို လေးနက်လာတယ်။ 😀

commentinfo By: John Moe Eain at Jun 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment