Professional Authors

မြစ်စောင့်နတ်သမီး

ငါမငိုပါဘူး ..
ပြည့်လျှံလာတဲ့ မျက်ရည်တွေ
ဘယ်သွားရမှန်းမသိလို့
ကျကျ နေတာပါ ..

ဘာရယ်မဟုတ်တဲ့
ခံစားချက်တွေ က
တခါခါ .. နင့်နဲ့များ
ပတ်သက်နေသလား
ငါ့ကိုယ်ငါ သံသယ၀င်မိတယ်

အချစ်ဆိုတာ
တခါတရံသာ လာခြောက်တတ်တဲ့
သစ္ဆေကောင်ပဲလား
ငါက ထပ်မြင်ခွင့်ရချင်တာတောင်
သူက .. လာမခြောက်တော့ဘူး

ဘယ်အရာမှ
ငါမပိုင်ပါလားဆိုတာ
မင်းကိုစွန့်ရမဲ့ အသိကြောင့်
ငါသိလိုက်တာ
ထင်ပါရဲ့

ရင်ထဲမှာတော့
မြစ်တစ်စင်း အမြဲစီးဆင်းနေတယ်
အဲ့ဒိမြစ်လေးဘေးမှာ
နှလုံးသားတစ်စုံ
အမြဲတေးဆိုနေတယ် ..

တယောအိုလေးတီးခတ်
စမ်းချောင်းလေးရဲ့ လှိုင်းဂယက်နဲ့ အတူ
လွမ်းတေးသီကြူးလို့
မင်းကိုတော့မနားဆင်လိုဘူး ………

မခန်းတော့မယ် မျက်ရည်မြစ်နဲ့
လွမ်းတေး ဖြစ်တည်နေလို့
မင်းရင်ကို နွမ်းမှာဆိုးတယ်

ခပ်တိုးတိုးလေးပဲ ……….
ငါတေးဆိုနေတော့မယ် ……… ။

လွမ်းလှိုင်း

In: ကဗျာ Posted By: Date: Jun 19, 2010
Comment #1

တကယ့်ကို..တိုးတိုးညင်းညင်းလေးရယ်ပါ….။။။

commentinfo By: အမရာ at Jun 20, 2010
Comment #2

ငါမငိုပါဘူး ..
ပြည့်လျှံလာတဲ့ မျက်ရည်တွေ
ဘယ်သွားရမှန်းမသိလို့
ကျကျ နေတာပါ .
စာသားလေးမိုက်တယ်

commentinfo By: yatu at Jun 20, 2010
Comment #3

ကဗျာလေး လာဖတ်ပီး ကော်မန့်ရေးပေး တာ ကျေးဇူးနော်

commentinfo By: lwanhlainge at Jun 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment