Professional Authors

“??????????????????????????????????????”

 

 

မျှော်လင့်ချက်က ဆောင်းတွင်း ငါအသက်နဲ့ရင်းပြီး ခိုက်ခိုက်တုန်အောင်လွမ်းတယ်

အကြွေများစောလွန်းသတဲ့ဟာ …. အဟား

တစရာ အခြားလည်းမရှိဘူး … ငါက နင့်အတွက်သာရူးတတ်တဲ့ကောင်

ဒါတောင် ကြောင်တောင်တောင်နဲ့ နင့်ကိုလွမ်းလိုက်သေးတယ်ဆိုပဲ

အနည်းအကျဉ်းပဲဖြစ်ဖြစ်ပေါ့ဟာ …… ငါကမ္ဘာမခြားခင်လေးမှာတော့

ဟန်ဆောင်ခဏပဲဖြစ်ဖြစ် နင်ချစ်နေသေးတယ်လို့ယုံချင်တယ်

ဘီလူးစီးနေတဲ့နတ္ခတ်နဲ့ ငါနင့်ကို ငါ့အသက်ထက်နင့်ကိုချစ်ခဲ့တာပါဟာ …

အနမ်းတွေ တဖျတ်ဖျတ်ကြွေကျခဲ့ဖူးတဲ့ အတိတ် … ငါအခုအိပ်မပျော်ဝူးကလေးရယ် …

ခေါင်းရမ်းပြီးခါလိုက်ရင် လန့်နိုးလာမယ်အထင်နဲ့ ငါအရင်လို နင့်အနားပြန်လာချင်တယ်

ရင်ရယ် နင်ကတော့ ခုန်ရုံလေးပေါ့ ….. ငါကတော့သေမတတ်ပါပဲကွာ …

အရာရာ အရာရာ … ပြာကျသွားမယ့်ခဏ … ဘ၀ဆိုတာငါသိလိုက်တယ်

နင်ရှိမှအရာရာ ….. ဖြာကျနေတဲ့ ဒဏ်ရာတွေနဲ့

အခု ….. ငါ အလွမ်းနာ…………………….

 

In: ကဗျာ Posted By: Date: Oct 20, 2010
Comment #1

ရင်ရယ် နင်ကတော့ ခုန်ရုံလေးပေါ့ ….. ငါကတော့သေမတတ်ပါပဲကွာ …

အဟား မိုက်တယ်ဟ !!!

commentinfo By: ယုစံ at Oct 22, 2010
Comment #2

အမလေးလေး သူတို့မောင်နှမတွေရယ့်ခံစားချက်တွေကတော့ ကြောက်ခမန်းလိလိပါ့လားနော် ။

commentinfo By: နွေးနွေး at Dec 2, 2010
Comment #3

wow,,,
lone wa heart hti twar p

commentinfo By: ei lay at Dec 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment