Professional Authors

ဝါကျလေး မဆုံးခင်

စလာကထဲက
အတင်းဝင် အတင်းထွက်
အရာမထင်ပဲ အရည်မပျော်ခင်
စကားလုံးတွေနဲ့ အမောတွေဆို့
နင်ကလည်းနင် ငါကလည်းငါ
အစနောက်လိုက်ရင်း အထအနတွေကောက်
စကားတွေထဲ ဇာတိတွေများ
အတ္တတွေအတွက် ဂါထာတွေရွတ်
အတွေးတွေထဲ ရှေးဖြစ်ဟောင်းများ
ကဗျာမြစ်တွေ သွေးမတိတ်တော့ဘူး။           ။

In: ကဗျာ Posted By: Date: Sep 25, 2011
Comment #1

good:
အားပေးသွားတယ်

Comment #2

ကဗျာလေးက တိုပေမဲ့
တွေးစရာတွေများတယ်
ကောင်းတယ် ရှင်…

commentinfo By: nwenyeinaye at Sep 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment