Professional Authors

ဂစ်တာ ခြေဆင်း….

ဂစ်တာ ခြေဆင်း….

 

စကြာဝဠာရဲ့ မျက်နှာမှာ…..
မျက်လုံးနှစ်လုံး ရှိတယ်.
တစ်လုံးကနေ၊ တစ်လုံးကလ ၊၊

ခန္ဓာကိုယ်၇ဲ့ နံရံမှာ..ပန်းနှစ်ပွင့်ပွင်တယ်….
တစ်ပွင့်ကကြွေ…တစ်ပွင့်ကဝေ…

ဘ၀ သံသရာဆွဲလဲမှာ…အသံနှစ်ဆထွက်တယ်…
တစ်သံက ..ငရဲ…၊တစ်သံက ..ကောင်းကင်ဘုံ ..

လောကဓံ တိုက်ပွဲ ရင်အုံမှာ…
ကန့်လန့်ကာ နှစ်ချပ်ပွင့်တယ်…
တစ်ချပ်က ဒုက္ခ…တစ်ချပ်က….ဒုက္ခပြီးဆုံးချိန်( သုခ)..

ချစ်သူနှစ်လုံးသားမှာ…
ပန်းသီးနှစ် လုံး ဝှက်ထားတယ်…
တစ်လုံး က အ မုန်း…တစ်လုံးက အပြုံး…

ငါ့ဝိ ဥာဉ် မှာတော့..
ပျိုးပင် နှစ်ပင် ရှိတယ်…
တစ်ပင်က အိမ်မက်…
တစ်ပင်က ‘ ကဗျာ’ ပေါ့…..

In: ကဗျာ Posted By: Date: Jun 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment