Professional Authors

သူမလက်ထဲက ဂစ်တာ (စိုင်းဝင်းမြင့်)

ကျွန်တော့်ကို တီးခတ်လိုက်တာ
သူမရဲ့ လက်ချောင်းတွေပေါ့
တစ်ကိုယ်လုံး လျှပ်စစ်တွေ စီးဝင်နေတဲ့ ကျွန်တော်ပါ
သူမ ရဲ့လက်ကွက်တွေအတိုင်း
အသံတွေထွက်ထွက်ပေးနေရတာ
ဆံချည်မျှင်လေးတစ်မျှင်နဲ့ ထိတို့လိုက်ရင်တောင်မှ
ပြင်းပြင်းထန်ထန် ငိုကြွေးရပါတယ်။
အခုလည်း တီးခတ်လိုက်ပြန်ပါပြီ
မျက်ရည်စိုစွတ်နေတဲ့ သံစဉ်တွေ
ကျွန်တော့် ရင်ခွင်နံရံအပြည့် ထိမှန်ပြီး
ဟိုးအဝေးကို ပြေးထွက်ခဲ့ရပြန်ပေါ့။ ။

Comment #1

ဒီ post တင်ပေးတဲ့ ဖြိုးဖြိုးကိုတော့ လေးစားတယ်ဗျာ…ကျတော် ဂျူး စ ရှာတယ် .တင်ထားပေးတယ်။ နောက် တာရာမင်းဝေ ရှာတော့လည်း ခင်ဗျားတင်ပေးထားတယ်…အဲဒီ့အထိမအံ့သြသေးဘူး။စိုင်းဝင်းမြင့် ဖတ်ချင်လာလို့ ရှာတယ် ဖြိုးဖြိုးပဲ …ရေလည်လေးစားတယ်ဗျာ..။

commentinfo By: phyowai at Dec 16, 2010
Comment #2

မောင်သိန်းဇော်လေးတွေ တင်ပေးရင်ကောင်းမယ်

commentinfo By: မော်နီ at Feb 3, 2011
Comment #3

သူမလက်ထဲက ဂီတာဖြစ်ရတာ ဂုဏ်ယူစရာပါ။သံစဉ်တွေက ငြိမ့်ညောင်းတယ်လေ။

commentinfo By: lighthunter at Nov 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment