Professional Authors

အဝေးရောက်မြို့စား

အဝေးရောက်မြို့စား

ရွှေပြည်တော်ဝေးလို့..ချစ်သူ

က မျှော်မယ်ဆို..
မျှော်နေပါစေလေ….
ဒီလိုနဲ့..
ကြိုးရှည်ရှည် အဆွဲ ခံထားရတဲ့
စိတ်ကူးလတ်လတ် ဆတ်ဆတ် တွေအတွက်…
ကဗျာ အရှာ ထွက်ခဲ့ တယ်..
တစ်ခါတစ်ရံ ..ရိတ်သိမ်းပြီးစ အိမ်မက် ချုပ်ရိုးတွေ….
အငွေ့ ပျံ လွယ်တဲ့ စိတ်ကူး ကင်းဗတ် စတွေ…
မသေမသပ် ခေါက်ရိုး ကျိုးနေတဲ့ …
ဂျွတ်ဆတ်ဆတ် ကောင်မလေးရဲ့ စရိုက်တွေ…

တကယ်လို့များ…
ချစ်သူရဲ့ အိမ်မက် ပန်းခင်းထဲက..
မြို့စားမင်း ဖြစ်ခဲ့ ရင်…
ပြောချင်သူတွေပြောကြ ပါစေတော့…
ဟောဒိ နီစွေးတဲ့ မြေနီလမ်းမှာဘဲ..
ကိုယ်ရဲ့ စိတ်ကူးတွေ….
တစ်ရာသီဖြစ်ဖြစ်..လန်းဆန်းပါရစေ…

In: ကဗျာ Posted By: Date: Jun 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment