Professional Authors

♣♣♣ ကဗျာနှင့် တန်ဖိုး ♣♣♣

♣♣♣ ကဗျာနှင့် တန်ဖိုး ♣♣♣

ဘာတော လည်းကွာ
မှော်ဆန် တဲံ့ ၀င်္ကပါ
အလင်းနည်းပြီး အမှောင်ဖိန်းဖိန်းကျ
နေ၀င် နေထွက် မညီတဲ့  ကောင်းကင်ရေ
သဇင် အဆီ နဲနဲ ကမ်းလှဲ့ ပါ
ငါ့ မြိဲ့ ရဲ့  ကိုယ်ထည် လိမ်းသုတ်ပေးချင်လို့ ….။

အထီးကျန် နေတဲ့ စားပွဲ
တစ်ယောက်တည်း အတွက် မဟုတ်ပါဘူး
အကြိမ်ကြိမ် ဆုတောင်လို့နေမယ်
မပြန်နှိုင်တဲ့ လမ်း ရွေးတဲ့ မင်း
ထာဝရ ပျော်ရွှင်ပါစေ…..။

စကားလုံး တွေ စကားလုံးတွေ
စာမျက်နှာ အမျိုးးမျိုးး မှာ ပုံစံ အမျိုး မျိုး နဲ့ 
ကဗျာ မုဆိုး တစ်ယောက် ဟန်
အသွင်သွင် ပြောင်း
ငို ဆို ငို
လွမ်းဆို လွမ်း
တမ်းဆို တမ်းရင်း
လက်ဖျောက် တီး ခံ ရဖို့ အတွက်
အသံ တစ်သံ ကြားရဖို့ အတွက်
ဂုဏ်ယူ စွာ
ငါ ဆို ပြီး ဟစ် ကြွေး
ပါမုန့်  မီးမြိုက် သလောက် နဲ့  ပွဲထုတ်
အမဲ လိုက်သူ ပေါကုန် တော့ မှာ ပေါ့ …။

ထားပါတော့ 
ကဗျာ ရဲ့  ၀မ်းဖြည့် စရာ
မင်းလည်း ဖြစ်မယ်
ငါ လည်း ဖြစ်မယ်
နောက် လူလည်းဖြစ်မယ်
ဘေး လူ လည်း ဖြစ်နိုင်တယ်…။

အဆိပ် ငွေ့  ဖြန်းထားတဲ့  ကဗျာ
တစ်လောက လုံး လမ်းပျောက်သွားလိမ့် မယ်
မင်းကို မင်း
မေ့ မယ်
ငါ့ ကိုယ် ငါ
မေ့မယ်
စိတ်သွားတိုင်း ကိုယ် ပါနိုင် ဖို့ အတွက်
ဆန္ဒ နှင့် ဘဝ
ထပ်တူကြမှ မဟုတ်ပါဘူး…။

ချယ်ရီ တစ်ပွင့် တန်ဖိုး
ပေ(၃၀၀၀) ကျော်ပေါ်မှာရှိတယ်
ကျေး တစ်ကောင်ရဲ့  တန်ဖိုး
သူ့ ဗိဇ အပေါ် မှာ ပြောင်းတယ်
တိုင်း ပြည် တစ်ခု ရဲ့  တန်ဘိုး
အရည်ချင်း ရှိသူ ကြောင့် တက်မယ်
နောက်ဆုံး……
ကဗျာ တစ်ကြောင်း ရဲ့  တန်ကြေး
INFINITY အပြင်မှာ ရှိတယ်…..။

နေ၀န်းခန့် 

In: ကဗျာ Posted By: Date: Apr 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment