Professional Authors

တဘက်သတ်

ဘယ်သူမှ မတိုက်တွန်းပါပဲ
အဲဒီ သောကြာဦးမှာ
တနင်္ဂနွေ တစ်ကောင်ရူးခဲ့တယ်
လေပြေ မူးမူးနဲ့ပေါ့လေ…

မတောက်စားတတ်ပဲ
မီးတဖွားဖွား ပေါက်ခဲ့ရ
ကူးဖြတ်ခဲ့တဲ့ လမ်းများစွာမှာ
သူမနာမည် ရွာရွာကျတယ်..

တခါသေဖူးတာတောင်
ပျဥင်္ဖိုးငွေမစုနိုင်တဲ့သူပါ
အခွန်းတစ်ရာတိုးလျှိုးလဲ
ဒီကြိုးမိန့် မလွဲခဲ့ပါဘူး…

ကိုယ့်ရဲ့ နံရိုးတစ်ချောင်းအတွက်
အတောင်တပ်ရမယ့်အိပ်မက်ကို လွှင့်ရင်း
ပင်လယ်လဲ သွေးချင်းချင်းနီခဲ့ပြီ….

မျက်ရည်သွန်းပြီး ထွန်းတဲ့တိမ်
ပဆစ်အိမ်ကွက်ထဲကအပြုံးတစ်စ
စကားလုံးတွေအနေတဲ့ ညများ
သူမ အကြားနဲ့ မြင်နိုင်စေ….

In: ကဗျာ Posted By: Date: Aug 15, 2011
Comment #1

har,,,,,,,,,,,,nice.
mike de kwar.
sa kar lone tway ka special.
feeling tway ka real good.
all combine with intelligent brain.

commentinfo By: ei lay at Aug 15, 2011
Comment #2

ဘယ်သူမှ မတိုက်တွန်းပါပဲ
အဲဒီ သောကြာဦးမှာ
တနင်္ဂနွေ တစ်ကောင်ရူးခဲ့တယ်
လေပြေ မူးမူးနဲ့ပေါ့လေ…

မျက်ရည်သွန်းပြီး ထွန်းတဲ့တိမ်
ပဆစ်အိမ်ကွက်ထဲကအပြုံးတစ်စ
စကားလုံးတွေအနေတဲ့ ညများ
သူမ အကြားနဲ့ မြင်နိုင်စေ….

ပေါင်းစပ်မှု့ နဲ့ဖော်ထုတ်အားကောင်းတယ်…ဗျာ။လေးစားပါတယ်…….။

commentinfo By: terry at Aug 15, 2011
Comment #3

အမှန်ပဲဗျို့ .. အားပေးလျက်ပါခင်ဗျာ .. 🙂

commentinfo By: chityellusoelay at Aug 15, 2011
Comment #4

မျက်ရည်သွန်းပြီး ထွန်းတဲ့တိမ်
ပဆစ်အိမ်ကွက်ထဲကအပြုံးတစ်စ
စကားလုံးတွေအနေတဲ့ ညများ
သူမ အကြားနဲ့ မြင်နိုင်စေ….
goodတယ်ဗျ။အားပေးသွားတယ်။

commentinfo By: poem.poem28 at Aug 15, 2011
Comment #5

အားပေးသွားပါတယ်

Comment #6

နောက်ဆုံးအပိုဒ်လေး တယ် လာပါတယ် စကားလုံးတွေမြင့်လွန်းလို့ ကျွန်တော့ဦးနှောက်တစ်ခြမ်းတောင် လေတိုက်သွားတယ် ကဗျာလေး တကယ်ကိုဖတ်လို့ကောင်းပါတယ် မသိပေမယ့် အားပေးသွားတယ် HEROSMITH ။

commentinfo By: X - ray at Aug 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment